"စဲ" နှင့် " ဆဲ" အကြောင်း
“စဲ” နှင့် “ဆဲ” အကြောင်း
——————————
မြန်မာစာရေးသားရာမှာ အသံထွက်ကြောင့် မှားသုံးတတ်တဲ့အထဲ “စဲ” နှင့် “ဆဲ“ လည်း ပါဝင်ပါတယ်။
ဥပမာ - နိုင်ငံတော်သမ္မတဟာ ပြည်သူတွေအပေါ် လိမ်ညာ“ဆဲ” ပါပဲ” လို့ ရေးရမှာလား၊ “နိုင်ငံတော်သမ္မတဟာ ပြည်သူတွေအပေါ် လိမ်ညာ“စဲ” ပါပဲ” လို့ ရေးရမှာလား မကွဲပြားတတ်ပါဘူး။ “အာဏာပိုင်အဖွဲ့အစည်းတွေဟာ ပြည်သူတွေကို နှိပ်စက် “ဆဲ” ပဲ” လို့ ရေးရမှာလား၊ “အာဏာပိုင်အဖွဲ့အစည်းတွေဟာ ပြည်သူတွေကို နှိပ်စက် “စဲ” ပဲ” လို့ ရေးရမှာလား ရောထွေးနေတတ်ပါတယ်။
“စဲ” ကို မြန်မာအဘိဓာန်မှာ -
“စဲ၊ ကြိ - ပြုခြင်း၊ ဖြစ်ခြင်း ကိစ္စတစ်ရပ်ရပ် အဆုံးသို့ရောက်သည်။”
လို့ အနက်ဖွင့်ထားပါတယ်။
ကြိယာအနက်ဖြစ်ပါတယ်။ အသုံးမှားတတ်ပါတယ်။
“မိုးသည် ခုနစ်ရက်တိုင်တိုင်ရွာနေရာမှ စဲချေပြီ။”
ဆိုတဲ့ဝါကျမျိုးမှာ သုံးပါတယ်။ မိုးရွာခြင်းကိစ္စ အဆုံးသို့ရောက်သည်ဆိုတဲ့အနက်မျိုးထွက်ပါတယ်။
“ဆဲ” ကိုတော့ မြန်မာအဘိဓာန်မှာ -
“ဆဲ ၁၊ ကြိ - ရုန့်ရင်းကြမ်းတမ်းသောစကားတို့ဖြင့် ထိပါးပုတ်ခတ်ပြောဆိုသည်။”
“ဆဲ ၂၊ သမ် - မျက်မှောက်အခိုက်အတန့်တွင် ဖြစ်နေ၊ ပြုနေခြင်းကို ပြသော စကားလုံး။ ခိုက်။ စဉ်၊ တုန်း။”
လို့ အနက် (၂)ခု ဖွင့်ထားပါတယ်။
အနက် (၁) က ကြိယာအနက်ဖြစ်ပါတယ်။
ဥပမာ -
“ကျောင်းသားများက ဦးစွာ ဆဲရေးဖြင့် သမ္မတကြီးက ပြန်၍ “ဆဲ” ပါသည်။”
ဆိုတဲ့ ဝါကျမျိုးမှာ သုံးပါတယ်။ အသုံးမမှားနိုင်ပါ။
အနက် (၂) က သမ္ဗန္ဓအနက်ဖြစ်ပါတယ်။ အသုံးမှားနိုင်ပါတယ်။
“အရာကျပြန်ဝန်သည် ပြည်သူများအပေါ် လိမ်ညာ “ဆဲ” ဖြစ်ပါသည်။”
ဆိုတဲ့ဝါကျမျိုးမှာ သုံးပါတယ်။ မျက်မှောက်အခိုက်အတန်းမှာပင် ပြုနေကြောင်းကို “ဆဲ” က ပြနေပါတယ်။
ဒါကြောင့် ပြုခြင်း၊ ဖြစ်ခြင်း ကိစ္စတစ်ရပ်ရပ် အဆုံးသို့ရောက်ကြောင်း ပြလိုလျှင် “စဲ” ကို သုံးရပြီး၊ ရုန့်ရင်းကြမ်းတမ်းသောစကားတို့ဖြင့် ထိပါးပုတ်ခတ်ပြောဆိုကြောင်း၊ မျက်မှောက်အခိုက်အတန့်တွင် ပြုနေ၊ ဖြစ်နေကြောင်း ပြလိုလျှင် “ဆဲ” ကို သုံးရမှာ ဖြစ်ပါတယ်ခင်ဗျာ။
ကိုယ့်လူမျိုးဘာသာစကားကို မှန်မှန်ကန်ကန်သုံးနိုင်ပါစေခင်ဗျာ။
စာကြွင်း ———
ကြိ - ကြိယာ သမ် - သမ္ဗန္ဓ
ကျမ်းကိုးစာရင်း ——————
၁။ မြန်မာအဘိဓာန်၊ ပထမအကြိမ်၊ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ၊ မြန်မာစာအဖွဲ့။
၂။ မြန်မာသဒ္ဒါ၊ ပထမအကြိမ်၊ ၂၀၀၅ ခုနှစ်၊ ဇွန်လ၊ မြန်မာစာအဖွဲ့။
၃။ ငယ်ပေါင်းကြီးဖော်မြန်မာစာနှင့် အရေးအသားပြဿနာများ၊ မောင်ခင်မင် (ဓနုဖြူ)၊ ပထမအကြိမ်၊ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ၊ ကောင်းသန့်စာပေ။

Comments
Post a Comment