အသုံးမှားတတ်သော “ပဲ” နဲ့ “ဘဲ”
“ပဲ” နဲ့ “ဘဲ” အသုံးအကြောင်း နည်းနည်းပြောချင်ပါတယ်။ အသံထွက်ကြောင့် မှားရေးတတ်တဲ့အထဲမှာ “ပဲ” နဲ့ “ဘဲ” လည်း ပါပါတယ်။
ဥပမာ - ‘အလုပ်ပဲ ကြိုးစားလုပ်ပါ’ လို့ ရေးရမှာလား၊ ‘အလုပ်ဘဲ ကြိုးစားလုပ်ပါ’ လို့ ရေးရမှာလား ရောထွေးနေတတ်ပါတယ်။ ‘ဘယ်ကိစ္စမဆို ငါ့ကိုပဲ အပြစ်တင် နေကြတယ်’ လို့ ရေးရမှာလား၊ ‘ဘယ်ကိစ္စမဆို ငါ့ကိုဘဲ အပြစ်တင်နေကြတယ်’ လို့ ရေးရမှာလား မကွဲပြားတတ်ပါဘူး။
“ပဲ” ရဲ့အနက်ကို မြန်မာအဘိဓာန်မှာ -
“ပဲ ၁၊ န - အသီးအစေ့စားရသော အသီးတောင့်သီးသည့် အပင်မျိုး။
ပဲ ၂၊ စည်း - ၁၊ (အပြော) ရည်ညွှန်းသောပုဒ်ကို လေးနက်စေသော စကားလုံး။ “လူပဲ။ နတ်ပဲ”။ ၂၊ ကြိယာ၏အနက်ကို ကန့်သတ်လိုရာ၌ သုံးသော စကားလုံး။ “စားရုံပဲ စားသည်”။
ပဲ ၃၊ န - ၁၊ (တစ်ကျပ်သား၊ တစ်လက်မ၏) ဆယ့်ခြောက်ပုံ တစ်ပုံ ပမာဏ။ ၂၊ (ဗြိတိသျှခေတ်သုံး) ငွေတစ်ကျပ်၏ ဆယ့်ခြောက်ပုံတစ်ပုံပမာဏ။ (ရှေးမြန်မာနိုင်ငံသုံး) ငွေတစ်ကျပ်၏ နှစ်ဆယ်ပုံတစ်ပုံ။”
လို့ အနက် ၃ ခု ဖွင့်ထားပါတယ်။
အနက် (၁) က ‘အသီးအစေ့စားရတဲ့ အသီးတောင့်သီးတဲ့ အပင်မျိုး’ ဖြစ်ကြောင်း ဖွင့်ဆိုထားပါတယ်။ နာမ်အနက် ဖြစ်ပါတယ်။ အသုံးမှားစရာ အကြောင်းမရှိပါ။
ဥပမာ -
‘ဒီနှစ်တော့ ပဲကို ပိုစိုက်မယ်ဟေ့။’
‘ဒီနေ့ ပဲကို အရည်သောက်လေးချက်မယ်။”
ဆိုတဲ့ဝါကျတွေမှာ ‘အသီးအစေ့စားရတဲ့ အသီးတောင့်သီးတဲ့အပင်မျိုး’ ဖြစ်ကြောင်း ‘ပဲ’ က ပြနေပါတယ်။
အနက် (၂) မှာ ‘ပဲ’ ရဲ့အနက်ကို (၂) မျိုးဖွင့်ထားပါတယ်။ (၂) မျိုးစလုံး ပစ္စည်းအနက်တွေ ဖြစ်ပါတယ်။ ပထမအနက်က ‘ရည်ညွှန်းတဲ့ပုဒ်ကို လေးနက်စေတဲ့ စကားလုံးဖြစ်ပြီး အပြောစကားမှာ သုံးကြောင်း’ ဖွင့်ဆိုထားပါတယ်။ အသုံးမှားနိုင်ပါတယ်။
ဥပမာ -
“ ‘ဒီမိုကရေစီအနိုင်ကျင့်ခံရတယ်’ ဆိုတဲ့စကားမျိုးကို ရွေးကောက်ခံမဟုတ်တဲ့ တပ်ကိုယ်စားလှယ်တွေကပဲ ပြောရတယ်ရှိသေး။”
“နိုင်ငံတိုးတက်ဖို့ နိုင်ငံသားတွေကပဲ ကြိုးစားရမှာပေါ့ကွာ။”
ဆိုတဲ့ဝါကျတွေမှာ ‘ရွေးကောက်ခံမဟုတ်တဲ့ တပ်ကိုယ်စားလှယ်တွေ’ ‘နိုင်ငံသားတွေ’ ဆိုတဲ့ ရည်ညွှန်းပုဒ်တွေကို ‘ပဲ’ က လေးနက်သွားစေကြောင်း တွေ့နိုင်ပါတယ်။
ဒုတိယအနက်က ‘ကြိယာရဲ့အနက်ကို ကန့်သတ်လိုတဲ့အခါ သုံးတဲ့စကားလုံး’ ဖြစ်ကြောင်း အနက်ဖွင့်ထားပါတယ်။ အသုံးမှားနိုင်ပါတယ်။
ဥပမာ -
‘တပ်ကိုယ်စားလှယ်တို့သည် လွှတ်တော်တက်ရုံပဲတက်သည်၊ တိုင်းပြည်အတွက်အလုပ်လုပ်မည်ဟု မစဉ်းစားကြချေ။’
‘ဗိုလ်ချုပ်များသည် တိုင်းပြည်၏ဘဏ္ဍာများကို ခိုးရုံပဲခိုးတတ်သည်။ တိုင်းပြည်အတွက် မသုံးကြချေ။’
ဆိုတဲ့ ဝါကျတွေမှာ ‘လွတ်တော်တက်’ ‘ခိုး’ ဆိုတဲ့ ကြိယာတွေရဲ့အနက်ကို ‘ပဲ’ က ကန့်သတ်ပြကြောင်း တွေ့နိုင်ပါတယ်။
အနက်(၃) ဟာ နာမ်အနက်ဖြစ်ပါတယ်။ အနက် (၃) မျိုး ဖွင့်ဆိုထားပါတယ်။ ပထမအနက်က ‘တစ်ကျပ်သား သို့မဟုတ် တစ်လက်မရဲ့ ဆယ့်ခြောက်ပုံတစ်ပုံ ပမာဏဖြစ်ကြောင်း ဖွင့်ဆိုထားပါတယ်။
ဥပမာ -
‘လစာထဲက ငွေနည်းနည်းပိုလို့ ရွှေလေး တစ်ပဲ ဝယ်လာခဲ့တယ်။’
‘ဒီသစ်သားကို ဖြတ်တာ တစ်ပဲလောက်ပိုဖြတ်မိတာနဲ့ ဘာမှဖြစ်မသွားပါဘူး။’
ဆိုတဲ့ ဝါကျတွေမှာ ‘ပဲ’ ဟာ ‘တစ်ကျပ်သားရဲ့ ဆယ့်ခြောက်ပုံတစ်ပုံပမာဏ’ ဖြစ်ကြောင်း၊ ‘တစ်လက်မရဲ့ ဆယ့်ခြောက်ပုံတစ်ပုံ ပမာဏဖြစ်ကြောင်း’ တွေ့နိုင်ပါတယ်။
ဒုတိယအနက်က ‘ဗြိတိသျှခေတ်သုံး ငွေတစ်ကျပ်ရဲ့ ဆယ့်ခြောက်ပုံတစ်ပုံပမာဏ’ ဖြစ်ကြောင်း ဖွင့်ဆိုထားပါတယ်။
ဥပမာ -
‘အင်္ဂလိပ်လက်ထက်က ဆန်တစ်ပြည်ကို နှစ်ပဲလောက် ပေးရတာပေါ့ကွယ်။’
‘ငါ ဒီဘဝရောက်ဖို့ တစ်ပဲ နှစ်ပဲ ကနေ စစုဆောင်းခဲ့ရတာကွယ့်။’
ဆိုတဲ့ ဝါကျတွေမှာ ‘ပဲ’ ဟာ ‘ငွေတစ်ကျပ်ရဲ့ ဆယ့်ခြောက်ပုံတစ်ပုံပမာဏ’ ကို ဆိုလိုကြောင်း တွေ့နိုင်ပါတယ်။
တတိယအနက်က ‘(ရှေးမြန်မာနိုင်ငံသုံး) ငွေတစ်ကျပ်၏ နှစ်ဆယ်ပုံတစ်ပုံ’ ဖြစ်ကြောင်း ဖွင့်ဆိုထားပါတယ်။
ဥပမာ -
‘မင်းတုန်းမင်းလက်ထက်က ငွေတစ်ပဲဆိုတာ တန်ဖိုးရှိလှတဲ့ငွေပေါ့ကွယ်။’
ဆိုတဲ့ဝါကျမှာ ‘ပဲ’ ဟာ ‘ငွေတစ်ကျပ်ရဲ့ နှစ်ဆယ်ပုံတစ်ပုံ’ ကို ဆိုလိုကြောင်း တွေ့နိုင်ပါတယ်။
“ဘဲ” ရဲ့အနက်ကို မြန်မာအဘိဓာန်မှာ -
“ဘဲ ၁၊ န - အတောင်ပါ၍ ခြေချောင်းအကြား အရေပြားဆက်ရှိသော ရေကူးတတ်သည့် သတ္တဝါ။
ဘဲ ၂၊ စည်း - ကြိယာ၏အနက်ကို တားမြစ်လိုရာ၌သုံးသော စကားလုံး။ “မသွားဘဲ၊ မလာဘဲ”
ဘဲ ၃၊ န - မိမိအထက် ဆွေမျိုးခုနစ်ဆက်တွင် ဆဋ္ဌမဆွေမျိုးဆက်။ ဘင်၏အဖေ။”
လို့ အနက် ၃ ခု ဖွင့်ထားပါတယ်။
အနက် (၁) က နာမ်အနက်ဖြစ်ပါတယ်။ အသုံးမှားစရာမရှိပါ။
ဥပမာ -
‘ကန်တော်ကြီးရေပြင်တွင် ဘဲများ၊ ငန်းများ ကူးခတ်နေလေသည်။”
ဆိုတဲ့ ဝါကျမှာ ‘ဘဲ’ ဟာ ‘အတောင်ပါ၍ ခြေချောင်းအကြား အရေပြားဆက်ရှိတဲ့ ရေကူးတတ်တဲ့ သတ္တဝါ’ ကို ဆိုလိုကြောင်း တွေ့နိုင်ပါတယ်။
အနက် (၂) က ပစ္စည်းအနက်ဖြစ်ပါတယ်။ ‘ကြိယာရဲ့အနက်ကို တားမြစ်လိုရာ၌ သုံးတဲ့အသုံး’ ဖြစ်ကြောင်း ဖွင့်ဆိုထားပါတယ်။ အသုံးမှားတတ်ပါတယ်။
ဥပမာ -
‘ဒေါက်တာကြီးကိုသာ ရွာသူကြီးခန့်ပါက ရွာသူရွာသားများက မကန့်ကွက်ဘဲ နေကြမည်မဟုတ်ပေ။’
‘သို့ကြောင့် ထိုကိစ္စကို ဝန်ချုပ်အနေဖြင့် မစဉ်းစားဘဲ မနေသင့်ချေ။’
ဆိုတဲ့ ဝါကျတွေမှာ ‘ကန့်ကွက်’ ‘စဉ်းစား’ ဆိုတဲ့ ကြိယာတွေရဲ့အနက်ကို တားမြစ်လိုကြောင်း ‘ဘဲ’ က ပြနေပါတယ်။
အနက် (၃) က နာမ်အနက် ဖြစ်ပါတယ်။ ‘မိမိအထက်ဆွေမျိုးခုနစ်ဆက်မှာ ဆဋ္ဌမဆွေမျိုးဆက်၊ ဘင်ရဲ့အဖေ’ ဖြစ်ကြောင်း ဖွင့်ဆိုထားပါတယ်။ အသုံးမှားစရာ မရှိပါ။
ဥပမာ -
‘ကျွန်ုပ်၏ ဘဲမှာ ဟဲယာရွာသူကြီးဖြစ်ခဲ့ဖူးသည်။’
ဆိုတဲ့ဝါကျမှာ ‘ဘဲ’ ဟာ ‘ဘင်ရဲ့အဖေ’ ဖြစ်ကြောင်း တွေ့နိုင်ပါတယ်။
ဒါ့အပြင် ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)ရဲ့ “လပြည့်ဝန်းနဲ့ဆင်စွယ်ဘီးကလေး” စာအုုပ်၊ စာမျက်နှာ ၂၁ မှာလည်း -
““ဒီလူက အရက်သမားပဲ”၊ “ဒီကလေးက ကိုဘထွန်းရဲ့သား အငယ်ဆုံးပဲ”၊ “ဒါ ကျွန်တော်ပျောက်သွားတဲ့ နာရီပဲ” စသည်ဖြင့် လေးနက်အောင်သုံးပုံမျိုးတွင် “ပဲ” ကိုသုံးရသည်။”
““ဒီကလေးက ဆော့ပဲဆော့နိုင်လွန်းတယ်”၊ မင်းက စကားပဲများနေတယ်၊ အလုပ်တော့မလုပ်ဘူး”၊ “ငါ ဒီညနေ ထမင်းမချက်တော့ဘူး၊ ဆိုင်မှာပဲ စားတော့တယ်” စသည့်အသုံးများသည်လည်း လေးနက်သည့်သဘောသက်ရောက်သည်။ “ပဲ” ဟုပင် သုံးရသည်။”
““ထမင်းမစားဘဲ မပြန်နဲ့ဦး”၊ “မလာဘဲ မနေနဲ့”၊ “မခေါ်ဘဲ မသွားနဲ့”၊ “မတော်ဘဲ မဝတ်နဲ့” စသည့်အသုံးများတွင် “ဘဲ” ကိုသုံးသည်။ မဟုတ်သဘောဖြင့် ရှေ့မှာ “မ” တွဲပြီး သုံးရသည်။”
လို့ လမ်းညွှန်ထားပါတယ်။
ဒါကြောင့် နာမ်၊ နာမ်စားတွေ၊ ကြိယာတွေကို လေးနက်စေလိုတဲ့အခါမှာ “ပဲ” ကို သုံးရပြီး ကြိယာကို ဆန့်ကျင်တဲ့အနက်နဲ့ ကန့်သတ်လိုတဲ့အခါမှာ “ဘဲ” ကိုသုံးရမှာဖြစ်ပါတယ်။ “သူပဲစားနေတယ်၊ ငါ့တော့မကျွေးဘဲနဲ့” ဆိုတဲ့ဝါကျက ပဲ၊ ဘဲ အသုံးကိုကြည့်ရင် ဘယ်လိုသုံးရမယ်ဆိုတာ ရှင်းလောက်ပါပြီ။
ကျွန်တော်ကတော့ ပဲ၊ဘဲ အသုံးကို အလွယ်နည်းနဲ့ ခွဲခြားထားပါတယ်။ အဲဒါက - “ မ နောက် လိုက်တာ ဘဲ၊ ကျန်တာ ပဲ” ပါခင်ဗျာ။
ကိုယ့်လူမျိုးဘာသာစကား၊ ကိုယ့်လူမျိုးစာပေကို မှန်မှန်ကန်ကန် သုံးနိုင်ပါစေဗျာ။
စာကြွင်း
———
န = နာမ်
စည်း = ပစ္စည်း။
ကျမ်းကိုးစာရင်း
——————
၁။ မြန်မာအဘိဓာန်၊ မြန်မာစာအဖွဲ့၊ ပထမအကြိမ်၊ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ၊ မြန်မာစာအဖွဲ့ဦးစီးဌာန။
၂။ လပြည့်ဝန်းနဲ့ ဆင်စွယ်ဘီးကလေး၊ မောင်ခင်မင်(ဓနုဖြူ)၊ ပထမအကြိမ်၊ ၂၀၀၉ ခုနှစ်၊ မေလ၊ မြစ်ကွေ့စာအုပ်တိုက်။

Comments
Post a Comment