Posts

Showing posts from June, 2017

"တ" နှင့် "တစ်" ပြဿနာ

“တ” နှင့် “တစ်” ပြဿနာ ————————————— “တ” နှင့် “တစ်” ပြဿနာသည် မြန်မာစာအရေးအသားတွင် အငြင်းပွားရဆုံးပြဿနာတစ်ခုဖြစ်သည်ဟု ဆိုနိုင်ပါသည်။ အချို့က ပြောသည့်စကားသံအတိုင်း ‘တခု’ ‘တယောက်’ ‘တရာ’ ‘အမှတ်တရ’ စသည်ဖြင့် ‘တစ်’ နှင့် ‘တ’ ကို မခွဲခြားဘဲ လက်ခံသုံးကြသည်လည်းရှိသည်။ အချို့ကမူ ‘ဖတ်တော့အသံ၊ ရေးတော့အမှန်’ ဟူသည့်မူအတိုင်း ‘တစ်ခု’ ‘တစ်ယောက်’ ‘တစ်ရာ’ ‘အမှတ်တရ’ စသည်ဖြင့် ‘တစ်’ နှင့် ‘တ’ ကို ခွဲခြား၍ လက်ခံကျင့်သုံးသည်လည်း ရှိသည်။ အချို့ကမူ “ ‘တ’ နှင့် ‘တစ်’ သည် မူလက အခွဲအခြားမရှိ၊ ဦးနေဝင်းအာဏာရှိစဉ်က ပြုစုရန်ညွှန်ကြားခဲ့သော မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတွင်မှ ခွဲခြားသွားခဲ့ခြင်းဖြစ်သည်” ဟု မှတ်ထင်ယူဆပြီး လက်မခံကြသည်လည်းရှိသည်။ မည်သို့ပင်ဆိုစေကာမူ ‘တ’ နှင့် ‘တစ်’ သည် အရေးအသားပြဿနာတစ်ရပ်အဖြစ် ရှိနေသည်ဟု ဆိုနိုင်၏။ ထို ‘တ’ နှင့် ‘တစ်’ ပြဿနာကို ကျွန်တော်လေ့လာမိသည့်အတိုင်း ရှင်းလင်းလိုပါသည်။ ထိုသို့ရှင်းလင်းရာတွင် အကိုးအကားအဖြစ် “မောင်ခင်မင် (ဓနုဖြူ)’ ၏ “မြန်မာစကား မြန်မာစာ ရုပ်ပုံလွှာ”၊ “မြန်မာစာ မြန်မာစကားဝိုင်း”၊ “မြန်မာစာအဖွဲ့” ၏ “မြန်မာအဘိဓာန်”၊ “ဦးငြိမ်းမောင်” ၏ “ရှေးဟောင်းမြန်မာကျောက်စာမ