Posts

Showing posts from April, 2016

နာမ်ထောက်ပစ္စည်းများအကြောင်း

နာမ်ထောက်ပစ္စည်းများအကြောင်း ————————————— မြန်မာဘာသာစကားမှာ နာမ်၊ နာမ်စားတွေရဲ့ အနက်ကို ထူးခြားသွားအောင်၊ လေးနက်သွားအောင် လုပ်ပေးနိုင်တဲ့စကားလုံးလေးတွေရှိပါတယ်။ “နာမ်ထောက်ပစ္စည်း” လို့ခေါ်ပါတယ်။ ဥပမာ - (၁) မုန့်တွေကို မောင်လှ စားတယ်။ (၂) မုန့်တွေကို မောင်လှချည်း စားတယ်။ ဆိုတဲ့ဝါကျနှစ်ခုကို ကြည့်ပါ။ ဝါကျ (၁) မှာ မုန့်တွေကို မောင်လှ စားကြောင်း သာမန်မျှသာပေါ်လွင်ပြီး ဝါကျ (၂) မှာ မုန့်တွေကို စားတဲ့လူဟာ မောင်လှတစ်ယောက်တည်းသာဖြစ်ကြောင်း ပိုင်းခြားကန့်သတ်ပြီး ပေါ်လွင်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဝါကျ (၁) မှာ မုန့်စားသူဟာ မောင်လှဖြစ်ကြောင်း သာမန်ပဲဖော်ပြထားပြီး ဝါကျ (၂) မှာတော့ မုန့်စားသူဟာ မောင်လှတစ်ယောက်တည်းဖြစ်ကြောင်း ပိုင်းခြားကန့်သတ်ပြီး ဖော်ပြထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အဲဒီလိုပိုင်းခြားကန့်သတ်ကြောင်းကို ဝါကျ (၂) မှာပါတဲ့ “ချည်း” ဆိုတဲ့စကားလုံးလေးက ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ “ချည်း” ဆိုတဲ့စကားလုံးလေးဟာ “ပိုင်းခြားကန့်သတ်ပြ“ ခြင်းအားဖြင့် “မောင်လှ” ဆိုတဲ့နာမ်ရဲ့အနက်ကို ထူးခြားအောင် ဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် “ချည်း” ဟာ နာမ်၊ နာမ်စားတွေရဲ့အနက်ကို ထူးခြားလေးနက်အောင် ထောက်

"တည်း" နှင့် "ထဲ" အကြောင်း

"တည်း" နှင့် "ထဲ" အကြောင်း -------------------- မြန်မာစာရေးသားရာမှာ အသံထွက်ကြောင့် မှားတတ်တဲ့အထဲ "တည်း" နဲ့ "ထဲ" လည်း ပါဝင်ပါတယ်။ ဥပမာ - "မိမိတစ်ယောက် 'ထဲ' အမှိုက်မကောက်ရုံမျှဖြင့် ဘာမျှဖြစ်မသွားဟူသော အယူအဆသည် ယနေ့အချိန်အခါ မျိုးတွင် မှားယွင်းသောအယူအဆသာဖြစ်သည်ဟု ဆိုချင်ပါသည်" လို့ ရေးရမှာလား၊ "မိမိတစ်ယောက် 'တည်း' အမှိုက်မကောက်ရုံမျှဖြင့် ဘာမျှဖြစ်မသွားဟူသော အယူအဆသည် ယနေ့အချိန်အခါမျိုးတွင် မှားယွင်းသော အယူအဆသာဖြစ်သည်ဟု ဆိုချင်ပါသည်" လို့ ရေးရမှာလား မကွဲပြားတတ်ပါဘူး။ "နှမ်းတစ်လုံး 'ထဲ' နဲ့ ဆီမဖြစ်ပါဘူးကွာ" လို့ ရေးရမှာလား။ "နှမ်းတစ်လုံး 'တည်း' နဲ့ ဆီမဖြစ်ပါဘူးကွာ" လို့ ရေးရမှာလား ရောထွေးနေတတ်ပါတယ်။ "တည်း" ကို မြန်မာအဘိဓာန်မှာ - တည်း ၁ /တဲ/ ကြိ - ၁၊ ရပ်နားနေထိုင်သည်။ ၂၊ ချည်နှောင်သည်။ ချုပ်ထိန်းသည်။ /တီး/ ၃၊ တိုက်ဆိုင်ညှိနှိုင်းသည်။ တည်းဖြတ်သည်။ တည်း ၂ စည်း - ၁၊ ပုဒ်တို့ကို လေးနက်အောင် ထောက်ပံ့သော စကားလုံး။ ၂၊ အရေအတွက် တို့ကို အတိအကျကန့်သတ်ခြင်းအနက်ဖြ

မြန်မာဘာသာစကားတွင်ရှိသော သင်္ချာပစ္စည်းများအကြောင်း

မြန်မာဘာသာစကားတွင်ရှိသော သင်္ချာပစ္စည်းများအကြောင်း ————————————————————————— မြန်မာဘာသာစကားမှာရှိတဲ့ နာမ်၊ နာမ်စားတွေရဲ့အနက်ကို ထူးခြားလေးနက်အောင်ဆောင်ရွက်ပေးတဲ့ နာမ်ထောက်ပစ္စည်းတွေအကြောင်းကို ကျွန်တော်ရေးခဲ့ပါတယ်။ နာမ်ထောက်ပစ္စည်းတွေဟာ မြန်မာဘာသာစကားမှာရှိတဲ့ နာမ်ပစ္စည်း (၉) မျိုးအနက် တစ်မျိုးဖြစ်ပါတယ်။ မြန်မာဘာသာစကားမှာရှိတဲ့ နာမ်ပစ္စည်း (၉) မျိုးကတော့ - ၁။ မျိုးပြပစ္စည်း ၂။ လိင်ညွှန်းပစ္စည်း ၃။ ကိန်းညွှန်းပစ္စည်း ၄။ သင်္ချာပစ္စည်း ၅။ နာမ်ထောက်ပစ္စည်း ၆။ ဥပမာပစ္စည်း ၇။ ရူပကပစ္စည်း ၈။ အာလုပ်ပစ္စည်း ၉။ ဝိစၧာပစ္စည်း တို့ဖြစ်ပါတယ်။ အဲဒီအထဲက သင်္ချာပစ္စည်းများအကြောင်းကို ရေးချင်ပါတယ်။ မြန်မာဘာသာစကားမှာ အရေအတွက်ကိုဖော်ပြလိုတဲ့အခါ သင်္ချာကိန်းဂဏန်းတွေကို သုံးရပါတယ်။ အဲဒီ သင်္ချာကိန်းဂဏန်းတွေရဲ့အနက်ကို ထူးခြားလေးနက်သွားအောင် ဆောင်ရွက်ပေးနိုင်တဲ့ နာမ်ပစ္စည်းကို သင်္ချာပစ္စည်းလို့ ခေါ်ပါတယ်။ ဥပမာ - “အရာကျသမ္မတကြီး၏မိန့်ကြားချက်အရ အစိုးရဝန်ထမ်းသည် ငွေကျပ် ၃၀၀၀၀၀ လာဘ်စားနိုင်ကြောင်း တွေ့ရှိရပါသည်။” “အရာကျသမ္မတကြီး၏မိန့်ကြားချက်အရ အစိုးရဝန်ထမ်းသည် ငွေကျပ် ၃၀၀၀၀၀ တိတိ လာဘ

"စဲ" နှင့် " ဆဲ" အကြောင်း

“စဲ” နှင့် “ဆဲ” အကြောင်း —————————— မြန်မာစာရေးသားရာမှာ အသံထွက်ကြောင့် မှားသုံးတတ်တဲ့အထဲ “စဲ” နှင့် “ဆဲ“ လည်း ပါဝင်ပါတယ်။ ဥပမာ - နိုင်ငံတော်သမ္မတဟာ ပြည်သူတွေအပေါ် လိမ်ညာ“ဆဲ” ပါပဲ” လို့ ရေးရမှာလား၊ “နိုင်ငံတော်သမ္မတဟာ ပြည်သူတွေအပေါ် လိမ်ညာ“စဲ” ပါပဲ” လို့ ရေးရမှာလား မကွဲပြားတတ်ပါဘူး။ “အာဏာပိုင်အဖွဲ့အစည်းတွေဟာ ပြည်သူတွေကို နှိပ်စက် “ဆဲ” ပဲ” လို့ ရေးရမှာလား၊ “အာဏာပိုင်အဖွဲ့အစည်းတွေဟာ ပြည်သူတွေကို နှိပ်စက် “စဲ” ပဲ” လို့ ရေးရမှာလား ရောထွေးနေတတ်ပါတယ်။ “စဲ” ကို မြန်မာအဘိဓာန်မှာ - “စဲ၊ ကြိ - ပြုခြင်း၊ ဖြစ်ခြင်း ကိစ္စတစ်ရပ်ရပ် အဆုံးသို့ရောက်သည်။” လို့ အနက်ဖွင့်ထားပါတယ်။ ကြိယာအနက်ဖြစ်ပါတယ်။ အသုံးမှားတတ်ပါတယ်။ “မိုးသည် ခုနစ်ရက်တိုင်တိုင်ရွာနေရာမှ စဲချေပြီ။” ဆိုတဲ့ဝါကျမျိုးမှာ သုံးပါတယ်။ မိုးရွာခြင်းကိစ္စ အဆုံးသို့ရောက်သည်ဆိုတဲ့အနက်မျိုးထွက်ပါတယ်။ “ဆဲ” ကိုတော့ မြန်မာအဘိဓာန်မှာ - “ဆဲ ၁၊ ကြိ - ရုန့်ရင်းကြမ်းတမ်းသောစကားတို့ဖြင့် ထိပါးပုတ်ခတ်ပြောဆိုသည်။” “ဆဲ ၂၊ သမ် - မျက်မှောက်အခိုက်အတန့်တွင် ဖြစ်နေ၊ ပြုနေခြင်းကို ပြသော စကားလုံး။ ခိုက်။ စဉ်၊ တုန်း။” လို့ အနက် (၂)ခု ဖွင့်ထားပါတယ

"အုန်း"၊ "အုံး" နှင့် "ဦး" တို့အကြောင်း

“အုန်း”၊ “အုံး” နဲ့ “ဦး” တို့အကြောင်း
————————————— 
 မြန်မာစာရေးသားရာမှာ အသံထွက်ကြောင့်မှားတတ်တဲ့အထဲ “အုန်း”၊ “အုံး” နဲ့ “ဦး” တို့ ပါဝင်ပါတယ်။ 
 ဥပမာ - 
 “စားကြပါအုန်း” လို့ ရေးရမှာလား၊ “စားကြပါအုံး” လို့ ရေးရမှာလား၊ “စားကြပါဦး” လို့ ရေးရမှာလား မကွဲပြားတတ်ပါဘူး။ 
 “မင်းဆီကို ငါ လာအုန်းမယ်” လို့ ရေးရမှာလား၊ “မင်းဆီကို ငါ လာအုံးမယ်” လို့ ရေးရမှာလား၊ “မင်းဆီကို ငါလာဦးမယ်” လို့ ရေးရမှာလား ရောထွေးနေတတ်ပါတယ်။ 
 
 “အုန်း” ကို မြန်မာအဘိဓာန်မှာ - 
 “အုန်း၊ န - ပင်ဖျားတွင် အလက်များစုဝေးထွက်၍ အရည်ပြည့်အသီးလုံးကြီးများ အခိုင်လိုက်သီးသော ပင်စောက်တစ်မျိုး။” 
 လို့ အနက်ဖွင့်ပါတယ်။ 
 နာမ်အနက်ဖြစ်ပါတယ်။ အသုံးမှားစရာအကြောင်းမရှိပါ။ 
 ဥပမာ - 
 “ယခုအချိန်၌ ပင်လယ်ကမ်းခြေတွင် ရေကူး၊ အုန်းရည်သောက်၊ အုန်းသီးစား၍ အေးအေးလူလူနေနိုင်သော ဘဝများရှိသကဲ့သို့ သဘာဝဘေးဒုက္ခကြောင့် မိုးထဲရေထဲတွင် ဆင်းဆင်းရဲရဲအသက်ရှင်နေရသော ဘဝများရှိသည်ကို ကျွနု်ပ်တို့ သတိပြုသင့်လှသည်။” 
 ဆိုတဲ့ဝါကျကိုကြည့်ပါ။ “အုန်းသီး”၊ “အုန်းရည်” ဆိုတဲ့စကားလုံးတွေမှာ “အုန်း” ကိုသုံးကြောင်း တွေ့နိုင်ပါတယ်။ 
 “အုံး” ကိ

"ပစ်" နှင့် "ပြစ်" အကြောင်း

မှားတတ်တဲ့ “ပစ်” နဲ့ “ပြစ်” အကြောင်း ——————————————— မြန်မာစာရေးသားရာမှာ အသံထွက်ကြောင့် မှားတတ်တဲ့အထဲ “ပစ်” နဲ့ “ပြစ်” လည်း ပါဝင်ပါတယ်။ ဥပမာ -  “အမှိုက်တွေကို အမှိုက်ပုံးထဲ “ပစ်” ပါ။” လို့ ရေးရမှာလား၊ “အမှိုက်တွေကို အမှိုက်ပုံးထဲ “ပြစ်” ပါလို့ ရေးရမှာလား ရောထွေးနေတတ်ပါတယ်။ “မကောင်းမှုပြုသူများကို သူတော်ကောင်းတို့က အ“ပြစ်”တင် ကြ၏။” လို့ ရေးရမှာလား၊ “မကောင်းမှုပြုသူများကို သူတော်ကောင်းတို့က အ “ပစ်” တင် ကြ၏” လို့ ရေးရမှာလား မကွဲပြားတတ်ကြပါဘူး။ “ပစ်” ကို မြန်မာအဘိဓာန်မှာ - ပစ်/ပျစ်/ ကြိ - ၁၊ အခြားတစ်နေရာသို့ အရှိန်နှင့် ရောက်စေသည်။ ၂၊ စွန့်ခွာသည်။ စွန့်ပစ်သည်။ စည်း - မထောက်ညှာသည့်သဘောကို ပြသောစကားလုံး။ (သတ်ပစ်၊ ဖျက်ပစ် စသည်ဖြင့် သုံးသည်။) လို့ အနက် (၂) မျိုးဖွင့်ပါတယ်။ အနက် (၁) က ကြိယာအနက် ဖြစ်ပါတယ်။ အသုံးမှားနိုင်ပါတယ်။ ဥပမာ - “၁၉၈၈ ခုနှစ် အရေးအခင်းတွင် စစ်တပ်သည် ပြည်သူတို့ကို သေနတ်နှင့် “ပစ်” ခဲ့သည်။” “သစ်ရွက်ခြောက်စွန့် “ပစ်” ရန် ချောက်ကမ်းပါးရှိသည်၊ သားသမီးစွန့် “ပစ်” ရန် ချောက်ကမ်းပါး မရှိဟု ဆိုကြသည်။” ဆိုတဲ့ ဝါကျမျိုးတွေမှာ သုံးနိုင်ပါတယ်။ အနက် (၂) က ပစ္စည်

"ဖက်" နှင့် "ဘက်" အကြောင်း

ဖက်” နဲ့ “ဘက်” အကြောင်း ——————————— မြန်မာစာရေးသားရာမှာ အသံထွက်ကြောင့် မှားသုံးတတ်တဲ့အထဲ “ဖက်” နဲ့ “ဘက်” လည်း ပါဝင်ပါတယ်။ ဥပမာ - “တောင်ဘက်၊ မြောက်ဘက်” လို့ ရေးရမှာလား၊ “တောင်ဖက်၊ မြောက်ဖက်” လို့ ရေးရမှာလား မကွဲပြားတတ်ပါဘူး။  “တွဲဖက်အထက်တန်းကျောင်း” လို့ ရေးရမှာလား၊ “တွဲဘက်အထက်တန်းကျောင်း” လို့ ရေးရမှာလား ရောထွေးနေတတ်ပါတယ်။ မောင်လှ ဟာ သူ့အမျိုးဖက်ချည်း ကြည့်နေတော့တာပဲ။” လို့ ရေးရမှာလား၊ “မောင်လှဟာ သူ့အမျိုးဘက်ချည်း ကြည့်နေတော့တာပဲ။” လို့ ရေးရ မှာလား ဝေဝါးနေတတ်ပါတယ်။ “ဖက်” ကို မြန်မာအဘိဓာန်မှာ - ဖက်၊ ကြိ - ၁၊ သိမ်းကျုံးပိုက်ယူသည်။ ၂၊ ယှဉ်တွဲသည်။ ၃၊ ညီညွတ်သည်။ လိုက်သည်။        ကြိဝိ - ယှဉ်လျက်၊ ပြိုင်လျက်။ န - ၁၊ ထုပ်ရာ၌ အသုံးဝင်သော အင်ရွက်၊ ငှက်ပျောရွက် စသည့် ပြားပြန့်သော သစ်ရွက်မျိုး။ ၂၊ ဆေးလိပ်လိပ်ရာတွင် အသုံးပြုသော သနပ်ဖက် စသည်။ စည်း - အစုံရှိသောအရာကို တခြားစီရေတွက်ရာ၌ သုံးသောစကားလုံး။ “ဖိနပ်တစ်ဖက်”။ လို့ အနက် (၄) မျိုး ဖွင့်ဆိုထားပါတယ်။ အနက် (၁) က ကြိယာအနက်ဖြစ်ပါတယ်။ ကြိယာအနက်ကို (၃) မျိုးဖွင့်ပြထားပါတယ်။ “သိမ်းကျုံးပိုက်ယူသည်” ဆိုတဲ့ကြိယာအနက်က အသုံးမမှားနိုင်ပါ

"ကျိတ်"၊ "ကျိပ်"၊ "ကြိတ်" နှင့် "ကြိပ်" တို့အကြောင်း

“ကျိတ်”၊ “ကျိပ်”၊ “ကြိတ်” နဲ့ “ကြိပ်” တို့အကြောင်း ------------------------------------------------- မြန်မာစာရေးသားရာမှာ အသံထွက်ကြောင့် မှားတတ်တဲ့အထဲ “ကျိတ်”၊ “ကျိပ်”၊ “ကြိတ်” နဲ့ “ကြိပ်” တို့လည်း ပါဝင်ပါတယ်။ ဥပမာ - “ဒီကိစ္စကို ဘယ်သူမှမသိအောင် ကျိတ်လုပ်ပါ” လို့ ရေးရမှာလား၊ “ဒီကိစ္စကို ဘယ်သူမှမသိအောင် ကျိပ်လုပ်ပါ” လို့ ရေးရမှာလား၊ “ဒီကိစ္စကို ဘယ်သူမှမသိအောင် ကြိတ်လုပ်ပါ” လို့ ရေးရမှာလား၊ “ဒီကိစ္စကို ဘယ်သူမှမသိအောင် ကြိပ်လုပ်ပါ” လို့ ရေးရမှာလား မကွဲပြားတတ်ပါဘူး။ “နာကျင်စရာတွေ သိပ်များတဲ့ခေတ်မှာ တက်ခေါက်ပြီး ကျိတ်ခံလိုက်ရုံပေါ့ကွာ” လို့ ရေးရမှာလား၊ “နာကျင်စရာတွေ သိပ်များတဲ့ခေတ်မှာ တက်ခေါက်ပြီး ကျိပ်ခံလိုက်ရုံပေါ့ကွာ” လို့ ရေးရမှာလား၊ “နာကျင်စရာတွေ သိပ်များတဲ့ခေတ်မှာ တက်ခေါက်ပြီး ကြိတ်ခံလိုက်ရုံပေါ့ကွာ” လို့ ရေးရမှာလား၊ “နာကျင်စရာတွေ သိပ်များတဲ့ခေတ်မှာ တက်ခေါက်ပြီး ကြိပ်ခံလိုက်ရုံပေါ့ကွာ” လို့ ရေးရမှာလား ရောထွေးနေတတ်ပါတယ်။ “ကျိတ်” ကို မြန်မာအဘိဓာန်မှာ - ကျိတ်၊ နဝိ - (အထည်၏အသား) ကျစ်လျစ်သော။ ကြိဝိ - သူတစ်ပါးမသိအောင် တိတ်တဆိတ်။ “ကျိတ်လုပ်သည်။ ကျိတ်ကြံသည်။” /ဂျိတ်/ န -

"လည်း" နှင့် "လဲ" အကြောင်း

“လည်း” နဲ့ “လဲ” အကြောင်း ——————————— မြန်မာစာရေးသားရာမှာ အသံထွက်ကြောင့် မှားတတ်တဲ့အထဲ “လည်း” နဲ့ “လဲ” တို့လည်း ပါဝင်ပါတယ်။ ဥပမာ - “ဘာစားမှာလဲ” လို့ ရေးရမှာလား၊ “ဘာစားမှာလည်း” လို့ ရေးရမှာလား မကွဲပြားတတ်ပါဘူး။ “မင်းသွားရင် ငါလည်း လိုက်မယ်” လို့ ရေးရမှာလား၊ “မင်းသွားရင် ငါလဲလိုက်မယ်” လို့ ရေးရမှာလား ရောထွေးနေတတ်ပါတယ်။ “လည်း” ကို မြန်မာအဘိဓာန်မှာ - “လည်း /လဲ/ စည်း - အတူတကွဖြစ်ကြောင်း၊ ပါဝင်ကြောင်းပြသော စကားလုံး။” လို့ အနက်ဖွင့်ထားပါတယ်။ ပစ္စည်းအနက်ဖြစ်ပါတယ်။ “အတူတကွဖြစ်ကြောင်း၊ ပါဝင်ကြောင်း” ပြလိုတဲ့အခါ “လည်း” ကိုသုံးရကြောင်း ဖွင့်ဆိုထားပါတယ်။ ဥပမာ - “စစ်အစိုးရ စီမံဆောင်ရွက်နိုင်ခြင်းမရှိခဲ့သည့် ကိစ္စရပ်များတွင် တစ်နိုင်ငံလုံးရေကြီးရေလျှံခြင်းပြဿနာလည်း ပါဝင်သည်။” “ထို့ပြင် ကာလကြာရှည်စွာ လောင်မြိုက်နေသော ပြည်တွင်းစစ်မီးကိုလည်း ထည့်သွင်းရလိမ့်မည်။” “ထိုသို့စီမံနိုင်သောအရည်အချင်းမရှိသည့်တိုင် တိုင်းပြည်၏အာဏာကိုလည်း ဆုပ်ကိုင်ထားလိုသေးသည်။” “ထိုသူတို့သည် ယုတ်လည်း ယုတ်မာကြ၏။ ရက်လည်း ရက်စက်ကြ၏။ လူ့အန္ဓများဟူ၍သာ ခေါ်ထိုက်လှတော့၏။” ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။ ပထမဝါကျမှာ”

"ခြင်" နှင့် "ချင်" အကြောင်း

“ခြင်” နဲ့ “ချင်” အကြောင်း မြန်မာစာရေးသားရာမှာ အသံထွက်ကြောင့် အသုံးမှားများတဲ့အထဲ “ခြင်” နဲ့ “ချင်” လည်း ပါပါတယ်။ ဥပမာ - “ကျွန်တော် ပန်းချီဆွဲတတ်ချင်တယ်” လို့ ရေးရမှာလား၊ “ကျွန်တော် ပန်းချီဆွဲတတ်ခြင်တယ်” လို့ ရေးရမှာလား ရောထွေးနေတတ်ပါတယ်။ “ကျွန်တော် ရှမ်းပြည်ပြန်ချင်တယ်” လို့ ရေးရမှာလား၊ “ကျွန်တော် ရှမ်းပြည်ပြန်ခြင်တယ်” လို့ ရေးရမှာလား မကွဲပြားတတ်ပါဘူး။ “ခြင်” ကို မြန်မာအဘိဓာန်မှာ - “ခြင် ၁၊ န - သွေးစုပ်တတ်သော အင်းဆက်ပိုးကောင်ပျံတစ်မျိုး။” “ခြင် ၂၊ ကြိ ၁၊ (ရှေး) ပစ္စည်းတစ်မျိုးနှင့်တစ်မျိုး တန်ဖိုးတူချင်း ဖလှယ်သည်။ ၂၊ စပါး၊ ဆန် စသည်တို့ကို တောင်း တင်း စသည်တွင်ထည့်၍ ပမာဏကိုသိအောင်လုပ်သည်။” လို့ အနက် (၂) မျိုး ဖွင့်ပါတယ်။ အနက် (၁) က နာမ်အနက် ဖြစ်ပါတယ်။ သွေးစုပ်တတ်တဲ့ အင်းဆက်ပိုးကောင်ပျံတစ်မျိုးကို ဆိုလိုပါတယ်။ အသုံးမှားစရာအကြောင်း မရှိပါ။ ဥပမာ - “မိုးရာသီရောက်လာပြီဖြစ်သောကြောင့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ခြင်အန္တရာယ်ကို သတိပြုရမည်။” ဆိုတဲ့ဝါကျကို ကြည့်ပါ။ “ခြင်” ဟာ “သွေးစုပ်တတ်တဲ့အင်းဆက်ပိုးကောင်ပျံ” ကို ဆိုလိုကြောင်း တွေ့နိုင်ပါတယ်။ အနက် (၂) က ကြိယ

"ခတ်" နှင့် "ခပ်" အကြောင်း

“ခတ်” နဲ့ “ခပ်” အကြောင်း မြန်မာစာရေးသားရာမှာ အသံထွက်ကြောင့် မှားတဲ့အထဲ “ခတ်” နဲ့ “ခပ်” လည်း ပါပါတယ်။ ဥပမာ - “ဟင်းအိုးထဲကို ဆားအနည်းငယ် “ခတ်” လိုက်သည်” လို့ ရေးရမှာလား၊ “ဟင်းအိုးထဲကို ဆားအနည်းငယ် “ခပ်” လိုက်သည်” လို့ ရေးရမှာလား ရောထွေးနေတတ်ပါတယ်။ “မောင်လှသည် ရေ “ခတ်” ဆင်းသောအပျိုချောများကို ခြင်း “ခပ်” ရင်း ချောင်းနေသည်” လို့ ရေးရမှာလား၊ “မောင်လှသည် ရေ “ခပ်” ဆင်းသော အပျိုချောများကို ခြင်း “ခတ်” ရင်း ချောင်းနေသည်” လို့ ရေးရမှာလား မကွဲပြား တတ်ပါဘူး။ “ခတ်” ကို မြန်မာအဘိဓာန်မှာ - ခတ်၊ ကြိ - ၁၊ ထုနှက်သည်။ တီးသည်။ ရိုက်ပုတ်သည်။ “ရွှေကို အပြားခတ်သည်။ မောင်းခတ်သည်။” ၂၊ ဦးချိုဖြင့် တိုးဝှေ့သည်။ ၃၊ ရိုက်နှိပ်သည်။ ရေးခြစ်သည်။ “တံဆိပ်ခတ်သည်။ ကြက်ခြေခတ်သည်။” ၄၊ ရှေ့နောက်ဝဲယာထက်အောက် အကြိမ်ကြိမ်လှုပ်သည်။ “ယပ်ခတ်သည်။ လှော်ခတ်သည်။” ၅၊ ခြေဖြင့်ကန်သည်။ “ခြင်းခတ်သည်။” ၆၊ ပစ်သည်။ “ငှက်ခတ်သည်။ အန်ခတ်သည်။” ၇၊ ထည့်သည်။ “ဆားခတ်သည်။ မျက်စဉ်းခတ်သည်။” ၈၊ (ကျောက်မျက်ရတနာတို့ကို) စီမြှုပ်သည်။ ၉၊ မြဲမြံစွာချုပ်နှောင်သည်။ “သော့ခတ်သည်။” ၁၀၊ ပိုင်းခြားသတ်မှတ်သည်။ “ခြံခတ်သည်။”

"မီ" နဲ့ "မှီ" အကြောင်း

“မီ” နဲ့ “မှီ” အကြောင်း အသံထွက်ကြောင့် မှားတတ်တဲ့အထဲမှာ “မီ” နဲ့ “မှီ” လည်း ပါဝင်ပါတယ်။ ဥပမာ - “အချိန်မှီ လာခဲ့မယ်” လို့ ရေးရမှာလား။ “အချိန်မီလာခဲ့မယ်” လို့ ရေးရမှာလား မကွဲပြားတတ်ပါဘူး။ “သားသမီးတွေရဲ့ မှီခိုရာဟာ မိဘပါပဲ” လို့ ရေးရမှာလား၊ “သားသမီးတွေရဲ့ မီခိုရာဟာ မိဘပါပဲ” လို့ ရေးရမှာလား ရောထွေးနေတတ်ပါတယ်။ “မီ” ကို မြန်မာအဘိဓာန်မှာ - “မီ ၁၊ စည်း - “မ” နှင့် တွဲ၍ အချိန်မတိုင်သေးခင်အနက်ဖြင့် ထောက်ပံ့သော စကားလုံး။ “မလာမီ။ မပြောမီ” “မီ ၂၊ ကြိ - လှမ်း၍ ရောက်နိုင်၊ ထိနိုင်သည်။ တိုင်ရောက်သည်။” လို့ အနက် (၂) မျိုး ဖွင့်ဆိုထားပါတယ်။ အနက် (၁) က ပစ္စည်းအနက် ဖြစ်ပါတယ်။ အငြင်းပြပစ္စည်း “မ” နဲ့ တွဲကာ အချိန်မတိုင်သေးခင်သဘောပြပြီး ကြိယာအနက်ကို ထူးခြားအောင် ကူညီထောက်ပံ့ပေးလိုတဲ့အခါ “မီ” ကို သုံးရမှာ ဖြစ်ပါတယ်။ ဥပမာ - “ဒံပေါက်သိုးကြီးသည် ပေးဆပ်ရမည့်ဝဋ်များကို မသေမီ အကျေအလည် ပေးဆပ်ရပေလိမ့်ဦးမည်။” “ထိုအတူ သိန်းသိန်းနှင့် သန်းသန်းသည်လည်း ငရဲသို့ မကျမီ ထိုသို့ ပေးဆပ်ရပေလိမ့်မည်။” “ထို့ကြောင့် အချိန်မလွန်မီ မိမိတို့အပြစ်ကို ဝန်ခံပြီး တိုင်းပြည်ကောင်းစေလိုသူများ၏ ဆန္ဒကို လိုက်လျောသင့

ကြိယာထောက်ပစ္စည်းများအကြောင်း

ကြိယာထောက်ပစ္စည်းများအကြောင်း ----------------------  “သာ၊ သာလျှင်၊ ချည်း၊ တော့” စတဲ့ မြန်မာဘာသာစကားမှာရှိတဲ့ နာမ်ထောက်ပစ္စည်းများအကြောင်းကို ကျွန်တော်ရေးခဲ့ပါပြီ။ နာမ်ထောက်ပစ္စည်းများအကြောင်း သိပြီးလျှင် ကြိယာထောက်ပစ္စည်းများအကြောင်းကိုလည်း သိထားသင့်သည်ဟု ယူဆပါတယ်။ မြန်မာဘာသာစကားမှာ ကြိယာတွေရဲ့အနက်ကို ထူးခြားသွားအောင် ကူညီထောက်ပံ့ပေးတဲ့ စကားလုံးလေးတွေ ရှိပါတယ်။ အဲဒီစကားလုံးလေးတွေကို “ကြိယာထောက်ပစ္စည်း” လို့ ခေါ်ပါတယ်။ ကြိယာထောက်ပစ္စည်းစကားလုံးတွေ မြန်မာဘာသာစကားမှာ အများအပြားရှိပါတယ်။ အဲဒီထဲက တချို့ကတော့ “ချင်၊ တတ်၊ နိုင်၊ ဖူး၊ ဝံ့၊ ခဲ၊ ခဲ့၊ မိ၊ သင့်၊ ရှာ၊ လွန်း၊ လှ၊ ရက်၊ သေး” တို့ ဖြစ်ကြပါတယ်။ “ချင်” က ကြိယာတွေရဲ့အနက်ကို “ဆန္ဒရှိ” ကြောင်း ဖော်ပြပြီး ထူးခြားအောင် ကူညီထောက်ပံ့ပေးပါတယ်။ ဥပမာ - (၁) “သမ္မတဦးသိန်းစိန်လက်ထက်တွင် လွှတ်တော်အမတ်များသည် ငါးနှစ်တိုင်တိုင် တစ်လလျှင် လစာငွေ ဆယ်သိန်းကျပ် ရနေပါလျက် ဆင်းရဲမွဲတေနေသော ကျွန်ုပ်တို့နိုင်ငံဆီမှ နိုင်ငံရေးပင်စင်ဆိုသည်ကို အရှက်မဲ့စွာ ယူသည်။” (၂) “သမ္မတဦးသိန်းစိန်လက်ထက်တွင် လွှတ်တော်အမတ်များသည် ငါးနှစ်တိုင်တိုင် တစ်လလျှင် လစာငွ