မြန်မာဘာသာစကားတွင်ရှိသော နာမ်ဝိဘတ်များအကြောင်း (အပိုင်း - ၆)
မြန်မာဘာသာစကားတွင်ရှိသော နာမ်ဝိဘတ်များအကြောင်း (အပိုင်း - ၆) မြန်မာဘာသာစကားတွင်ရှိသော နာမ်ဝိဘတ်များအကြောင်းကို ကျွန်တော်ရေးလာတာ အပိုင်း (၅) အထိ ရှိပါပြီ။ အခု အပိုင်း (၆) မှာ ကျန်တဲ့နာမ်ဝိဘတ်များထဲက “လက်ခံပြဝိဘတ်” နဲ့ “နေရာပြဝိဘတ်” တို့အကြောင်းကို ရေးချင်ပါတယ်။ (၈) လက်ခံပြဝိဘတ် ------------------------ လက်ခံပြဝိဘတ်ဆိုတာ မြန်မာဘာသာစကားမှာရှိတဲ့ စကားလုံးလေး ဖြစ်ပါတယ်။ လက်ခံပြဝိဘတ် စကားလုံး (၁) လုံးသာ ရှိပါတယ်။ “အား” ဖြစ်ပါတယ်။ အဲဒီစကားလုံးလေးဟာ နာမ်၊ နာမ်စားတွေရဲ့နောက်မှာနေပြီး သူ့ရှေ့မှာရှိတဲ့ နာမ်၊ နာမ်စားဟာ “လက်ခံသူ” ဖြစ်ကြောင်းကို ဖော်ပြပေးပါတယ်။ ဥပမာ - “ယခုအခါတွင် ပြည်သူတစ်ရပ်လုံးက ယပ်ကြိုက်သူကြီးအား ရွေှမေတ္တာများကို အပ်နှင်းကြချေပြီ။” “ထိုသို့သော မေတ္တာတရားမျိုးကို စာဖတ်သူကြီးအားလည်း ပေးလိုနေကြပြန်သည်။” ဆိုတဲ့ဝါကျတွေကို ကြည့်ပါ။ ပထမဝါကျမှာ “ ပြည်သူတစ်ရပ်လုံးကပေးသော ရွေှမေတ္တာများကို လက်ခံသူ” တစ်နည်းအားဖြင့် “လက်ခံပြပုဒ်” ဟာ “ယပ်ကြိုက်သူကြီး” ဖြစ်ကြောင်း “အား” က ပြနေပါတယ်။ ဒုတိယဝါကျမှာ “ထိုသို့သောမေတ္တာတရားမျိုးကို လက်ခံသူ” တစ်နည်းအားဖြင့် “လက်ခံပြပုဒ်” ဟာ “စာဖတ်သူကြီး”...