နာမ်ထောက်ပစ္စည်းများအကြောင်း
နာမ်ထောက်ပစ္စည်းများအကြောင်း ————————————— မြန်မာဘာသာစကားမှာ နာမ်၊ နာမ်စားတွေရဲ့ အနက်ကို ထူးခြားသွားအောင်၊ လေးနက်သွားအောင် လုပ်ပေးနိုင်တဲ့စကားလုံးလေးတွေရှိပါတယ်။ “နာမ်ထောက်ပစ္စည်း” လို့ခေါ်ပါတယ်။ ဥပမာ - (၁) မုန့်တွေကို မောင်လှ စားတယ်။ (၂) မုန့်တွေကို မောင်လှချည်း စားတယ်။ ဆိုတဲ့ဝါကျနှစ်ခုကို ကြည့်ပါ။ ဝါကျ (၁) မှာ မုန့်တွေကို မောင်လှ စားကြောင်း သာမန်မျှသာပေါ်လွင်ပြီး ဝါကျ (၂) မှာ မုန့်တွေကို စားတဲ့လူဟာ မောင်လှတစ်ယောက်တည်းသာဖြစ်ကြောင်း ပိုင်းခြားကန့်သတ်ပြီး ပေါ်လွင်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဝါကျ (၁) မှာ မုန့်စားသူဟာ မောင်လှဖြစ်ကြောင်း သာမန်ပဲဖော်ပြထားပြီး ဝါကျ (၂) မှာတော့ မုန့်စားသူဟာ မောင်လှတစ်ယောက်တည်းဖြစ်ကြောင်း ပိုင်းခြားကန့်သတ်ပြီး ဖော်ပြထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အဲဒီလိုပိုင်းခြားကန့်သတ်ကြောင်းကို ဝါကျ (၂) မှာပါတဲ့ “ချည်း” ဆိုတဲ့စကားလုံးလေးက ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ “ချည်း” ဆိုတဲ့စကားလုံးလေးဟာ “ပိုင်းခြားကန့်သတ်ပြ“ ခြင်းအားဖြင့် “မောင်လှ” ဆိုတဲ့နာမ်ရဲ့အနက်ကို ထူးခြားအောင် ဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် “ချည်း” ဟာ နာမ်၊ နာမ်စားတွေရဲ့အနက်ကို ထူးခြားလေးနက်အောင် ထောက်...