Posts

"ဖြင့်" "နှင့်" ပါတဲ့ အသုံးခံပြပုဒ်များအကြောင်း

“ ဖြင့် ” နဲ့ “ နှင့် ” ပါတဲ့ အသုံးခံပြပုဒ်အကြောင်း --------------------------------------- “ ဖြင့် ” နဲ့ “ နှင့် ” ပါတဲ့ အသုံးခံပြပုဒ် အကြောင်း နည်းနည်းပြောချင်ပါတယ်။ မြန်မာစာ၊ မြန်မာစကားမှာ တစ်ခုခုကိုသုံးပြီး လုပ်ကိုင်ဆောင်ရွက်ရွက်ကြောင်း ပြောဆိုတဲ့အခါ အသုံးပြုရာစကားလုံး နောက်မှာ ကပ်လိုက်ရတဲ့စကားလုံး ( ၂ ) လုံးရှိပါတယ်။ အဲဒါတွေက “ ဖြင့် ” နဲ့ “ နှင့် ” ပါ။ အသုံးခံပြဝိဘတ်၊ အသုံးခံပြစကားလုံးလို့ ခေါ်ပါတယ်။ ဖြင့်နဲ့ နှင့် ကပ်သုံးထားတဲ့ စကားလုံးကိုတော့ အသုံးခံပြပုဒ်လို့ ခေါ်ပါတယ်။ ဥပမာ - " ခွေးကို တုတ်ဖြင့် ရိုက်သည်။ " " ကားနှင့် လာခေါ်ပါ။ " ဆိုတဲ့ဝါကျတွေမှာ ခွေးကို ရိုက်ရာမှာ တုတ်ကို အသုံးပြုကြောင်း၊ လာခေါ်ရာတွင် ကားကိုအသုံးပြုရမည် ဖြစ်ကြောင်း ပေါ်လွင်စေသောစကားလုံးမှာ “ ဖြင့် ” ၊ “ နှင့် ” တို့ဖြစ်ပါတယ်။ “ ဖြင့်၊ နှင့် ” နှစ်လုံးအနက် အသုံးမှားနိုင်သော စကားလုံးဟာ “ နှင့် ” ဖြစ်ပါတယ်။ ဥပမာ - “ မောင်ဘသည် တုတ်ဖြင့် မောင်လှကိုရိုက်သည် ” ဆိုတဲ့ဝါကျမှာ မောင်ဘဟာ မောင်လှကို ရိုက်ရာတွင် တုတ်ကိုအသုံးပြုကြော...

"အိတ်" နဲ့ "အိပ်" အကြောင်း

"အိတ်" နဲ့ "အိပ်" အကြောင်း ------------------- မြန်မာစာရေးသားရာမှာ အသံထွက်ကြောင့် မှားတတ်တဲ့အထဲ "အိတ်" နဲ့ "အိပ်" လည်း ပါပါတယ်။ ဥပမာ - "အဲဒီပဲအိပ်တွေကို ကျီထဲသွင်းထားလိုက်" လို့ သုံးရမှာလား၊ "အဲဒီပဲအိတ်တွေကို ကျီထဲသွင်းထားလိုက်" လို့ သုံးရမှာလား မကွဲပြားတတ်ပါဘူး။ "လက်နက်ကြီးတွေ စပစ်တာနဲ့ အိပ်လေးတစ်လုံးထဲကို ရှိသမျှပစ္စည်း လေးတွေ ထိုးသိပ်ထည့်ပြီး ပြေးခဲ့ရတော့တာပါပဲ" လို့ သုံးရမှာလား၊ "လက်နက်ကြီးတွေ စပစ်တာနဲ့ အိတ်လေး တစ်လုံးထဲကို ရှိသမျှပစ္စည်းလေးတွေ ထိုးသိပ်ထည့်ပြီး ပြေးခဲ့ရတော့တာပါပဲ" လို့ သုံးရမှာလား ရောထွေးနေ တတ်ပါတယ်။ "အိတ်" ကို မြန်မာအဘိဓာန်မှာ - အိတ်၊ န - သားရေ၊ ဖျင် စသည်ဖြင့် ချုပ်လုပ်ထားသည့် ထည့်စရာ။ လို့ အနက်ဖွင့်ပါတယ်။  နာမ်အနက် ဖြစ်ပါတယ်။ အသုံးမှားကြပါတယ်။ ဥပမာ -  "နိုင်ငံတော်သမ္မတကြီး လှူဒါန်းလိုက်သော ဆန်အိတ်တော်ကြီးများသည် ရှမ်းပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းသို့ ချောချောမွေ့မွေ့ ရှောရှောရှူရှူ အဆင်ပြေပြေ ရောက်ရှိလာသည့်အတွက် စစ်ဘေးရှောင်ပြည်သူ ...

"တက်" နှင့် "တတ်" အကြောင်း

“တက်” နှင့် “တတ်” အကြောင်း ——————————————— မြန်မာစာရေးသားရာမှာ အသံထွက်မတူပေမဲ့ အရေးမှားများတဲ့ စကားလုံး နှစ်လုံးက “တက်” နှင့် “တတ်” ဖြစ်ပါတယ်။ အထူးသဖြင့် ဖေ့စ်ဘုတ်ပေါ် ရေးတင်ကြတဲ့ မြန်မာစာအရေးအသားများမှာ “တက်” နှင့် “တတ်” ဟာ အမှားအများဆုံးလို့တောင် ဆိုနိုင်ပါတယ်။ “တက်” ကို မြန်မာအဘိဓာန်မှာ - တက် ၁၊ န - လက်ကိုင်အဖျား၌ ရေယက်စရာ အရွက်ပြားရှိသော လှေလှော်ခတ်ရသည့်ကိရိယာ။ တက် ၂၊ ကြိ - ၁၊ အနိမ့်မှ အမြင့်သို့၊ အောက်မှ အထက်သို့၊ ရပ်တည်ရာမှ ရှေ့သို့ ရွေ့သွားသည်။ ၂၊ တိုးပွားသည်။ ၃၊ အာဏာရယူသည်။ ၄၊ ရုံး၊ ကျောင်း၊ အစည်းအဝေး စသည်သို့ သွားရောက်သည်။ တက် ၃၊ ကြိ - ၁၊ ရောဂါကြောင့် ဖြစ်စေ၊ စိတ်ချောက်ချားခြင်းကြောင့် ဖြစ်စေ ကိုယ်လက်အင်္ဂါတို့ ရုတ်တရက်တွန့်လိမ်သည်။ ၂၊ ကိုယ်လက်အကြောအခြင် ညောင်းညာတောင့်တင်းသည်။ “ဇက်ကြောတက်သည်။” ဆိုပြီး အနက် (၃) မျိုး ပြထားပါတယ်။ အနက် (၁) က နာမ် အနက်ဖြစ်ပါတယ်။ လှေလှော်ရာမှာ သုံးရတဲ့ ကိရိယာတစ်မျိုးကို ဆိုလိုပါတယ်။ အသုံးမှားစရာ အကြောင်းမရှိပါဘူး။ ဥပမာ -  “ပန်းတိုင်မရောက်သေးဘဲ “တက်” ထောင်လို့ကတော့ မင်းတို့ အောင်မြင်မှာမဟုတ်ဘူး။”  “နို...