Posts

နာမ်ထောက်ပစ္စည်းများအကြောင်း

နာမ်ထောက်ပစ္စည်းများအကြောင်း ————————————— မြန်မာဘာသာစကားမှာ နာမ်၊ နာမ်စားတွေရဲ့ အနက်ကို ထူးခြားသွားအောင်၊ လေးနက်သွားအောင် လုပ်ပေးနိုင်တဲ့စကားလုံးလေးတွေရှိပါတယ်။ “နာမ်ထောက်ပစ္စည်း” လို့ခေါ်ပါတယ်။ ဥပမာ - (၁) မုန့်တွေကို မောင်လှ စားတယ်။ (၂) မုန့်တွေကို မောင်လှချည်း စားတယ်။ ဆိုတဲ့ဝါကျနှစ်ခုကို ကြည့်ပါ။ ဝါကျ (၁) မှာ မုန့်တွေကို မောင်လှ စားကြောင်း သာမန်မျှသာပေါ်လွင်ပြီး ဝါကျ (၂) မှာ မုန့်တွေကို စားတဲ့လူဟာ မောင်လှတစ်ယောက်တည်းသာဖြစ်ကြောင်း ပိုင်းခြားကန့်သတ်ပြီး ပေါ်လွင်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဝါကျ (၁) မှာ မုန့်စားသူဟာ မောင်လှဖြစ်ကြောင်း သာမန်ပဲဖော်ပြထားပြီး ဝါကျ (၂) မှာတော့ မုန့်စားသူဟာ မောင်လှတစ်ယောက်တည်းဖြစ်ကြောင်း ပိုင်းခြားကန့်သတ်ပြီး ဖော်ပြထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အဲဒီလိုပိုင်းခြားကန့်သတ်ကြောင်းကို ဝါကျ (၂) မှာပါတဲ့ “ချည်း” ဆိုတဲ့စကားလုံးလေးက ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ “ချည်း” ဆိုတဲ့စကားလုံးလေးဟာ “ပိုင်းခြားကန့်သတ်ပြ“ ခြင်းအားဖြင့် “မောင်လှ” ဆိုတဲ့နာမ်ရဲ့အနက်ကို ထူးခြားအောင် ဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် “ချည်း” ဟာ နာမ်၊ နာမ်စားတွေရဲ့အနက်ကို ထူးခြားလေးနက်အောင် ထောက်...

"တည်း" နှင့် "ထဲ" အကြောင်း

"တည်း" နှင့် "ထဲ" အကြောင်း -------------------- မြန်မာစာရေးသားရာမှာ အသံထွက်ကြောင့် မှားတတ်တဲ့အထဲ "တည်း" နဲ့ "ထဲ" လည်း ပါဝင်ပါတယ်။ ဥပမာ - "မိမိတစ်ယောက် 'ထဲ' အမှိုက်မကောက်ရုံမျှဖြင့် ဘာမျှဖြစ်မသွားဟူသော အယူအဆသည် ယနေ့အချိန်အခါ မျိုးတွင် မှားယွင်းသောအယူအဆသာဖြစ်သည်ဟု ဆိုချင်ပါသည်" လို့ ရေးရမှာလား၊ "မိမိတစ်ယောက် 'တည်း' အမှိုက်မကောက်ရုံမျှဖြင့် ဘာမျှဖြစ်မသွားဟူသော အယူအဆသည် ယနေ့အချိန်အခါမျိုးတွင် မှားယွင်းသော အယူအဆသာဖြစ်သည်ဟု ဆိုချင်ပါသည်" လို့ ရေးရမှာလား မကွဲပြားတတ်ပါဘူး။ "နှမ်းတစ်လုံး 'ထဲ' နဲ့ ဆီမဖြစ်ပါဘူးကွာ" လို့ ရေးရမှာလား။ "နှမ်းတစ်လုံး 'တည်း' နဲ့ ဆီမဖြစ်ပါဘူးကွာ" လို့ ရေးရမှာလား ရောထွေးနေတတ်ပါတယ်။ "တည်း" ကို မြန်မာအဘိဓာန်မှာ - တည်း ၁ /တဲ/ ကြိ - ၁၊ ရပ်နားနေထိုင်သည်။ ၂၊ ချည်နှောင်သည်။ ချုပ်ထိန်းသည်။ /တီး/ ၃၊ တိုက်ဆိုင်ညှိနှိုင်းသည်။ တည်းဖြတ်သည်။ တည်း ၂ စည်း - ၁၊ ပုဒ်တို့ကို လေးနက်အောင် ထောက်ပံ့သော စကားလုံး။ ၂၊ အရေအတွက် တို့ကို အတိအကျကန့်သတ်ခြင်းအနက်ဖြ...

မြန်မာဘာသာစကားတွင်ရှိသော သင်္ချာပစ္စည်းများအကြောင်း

မြန်မာဘာသာစကားတွင်ရှိသော သင်္ချာပစ္စည်းများအကြောင်း ————————————————————————— မြန်မာဘာသာစကားမှာရှိတဲ့ နာမ်၊ နာမ်စားတွေရဲ့အနက်ကို ထူးခြားလေးနက်အောင်ဆောင်ရွက်ပေးတဲ့ နာမ်ထောက်ပစ္စည်းတွေအကြောင်းကို ကျွန်တော်ရေးခဲ့ပါတယ်။ နာမ်ထောက်ပစ္စည်းတွေဟာ မြန်မာဘာသာစကားမှာရှိတဲ့ နာမ်ပစ္စည်း (၉) မျိုးအနက် တစ်မျိုးဖြစ်ပါတယ်။ မြန်မာဘာသာစကားမှာရှိတဲ့ နာမ်ပစ္စည်း (၉) မျိုးကတော့ - ၁။ မျိုးပြပစ္စည်း ၂။ လိင်ညွှန်းပစ္စည်း ၃။ ကိန်းညွှန်းပစ္စည်း ၄။ သင်္ချာပစ္စည်း ၅။ နာမ်ထောက်ပစ္စည်း ၆။ ဥပမာပစ္စည်း ၇။ ရူပကပစ္စည်း ၈။ အာလုပ်ပစ္စည်း ၉။ ဝိစၧာပစ္စည်း တို့ဖြစ်ပါတယ်။ အဲဒီအထဲက သင်္ချာပစ္စည်းများအကြောင်းကို ရေးချင်ပါတယ်။ မြန်မာဘာသာစကားမှာ အရေအတွက်ကိုဖော်ပြလိုတဲ့အခါ သင်္ချာကိန်းဂဏန်းတွေကို သုံးရပါတယ်။ အဲဒီ သင်္ချာကိန်းဂဏန်းတွေရဲ့အနက်ကို ထူးခြားလေးနက်သွားအောင် ဆောင်ရွက်ပေးနိုင်တဲ့ နာမ်ပစ္စည်းကို သင်္ချာပစ္စည်းလို့ ခေါ်ပါတယ်။ ဥပမာ - “အရာကျသမ္မတကြီး၏မိန့်ကြားချက်အရ အစိုးရဝန်ထမ်းသည် ငွေကျပ် ၃၀၀၀၀၀ လာဘ်စားနိုင်ကြောင်း တွေ့ရှိရပါသည်။” “အရာကျသမ္မတကြီး၏မိန့်ကြားချက်အရ အစိုးရဝန်ထမ်းသည် ငွေကျပ် ၃၀၀၀၀၀ တိတိ လာဘ...

"စဲ" နှင့် " ဆဲ" အကြောင်း

“စဲ” နှင့် “ဆဲ” အကြောင်း —————————— မြန်မာစာရေးသားရာမှာ အသံထွက်ကြောင့် မှားသုံးတတ်တဲ့အထဲ “စဲ” နှင့် “ဆဲ“ လည်း ပါဝင်ပါတယ်။ ဥပမာ - နိုင်ငံတော်သမ္မတဟာ ပြည်သူတွေအပေါ် လိမ်ညာ“ဆဲ” ပါပဲ” လို့ ရေးရမှာလား၊ “နိုင်ငံတော်သမ္မတဟာ ပြည်သူတွေအပေါ် လိမ်ညာ“စဲ” ပါပဲ” လို့ ရေးရမှာလား မကွဲပြားတတ်ပါဘူး။ “အာဏာပိုင်အဖွဲ့အစည်းတွေဟာ ပြည်သူတွေကို နှိပ်စက် “ဆဲ” ပဲ” လို့ ရေးရမှာလား၊ “အာဏာပိုင်အဖွဲ့အစည်းတွေဟာ ပြည်သူတွေကို နှိပ်စက် “စဲ” ပဲ” လို့ ရေးရမှာလား ရောထွေးနေတတ်ပါတယ်။ “စဲ” ကို မြန်မာအဘိဓာန်မှာ - “စဲ၊ ကြိ - ပြုခြင်း၊ ဖြစ်ခြင်း ကိစ္စတစ်ရပ်ရပ် အဆုံးသို့ရောက်သည်။” လို့ အနက်ဖွင့်ထားပါတယ်။ ကြိယာအနက်ဖြစ်ပါတယ်။ အသုံးမှားတတ်ပါတယ်။ “မိုးသည် ခုနစ်ရက်တိုင်တိုင်ရွာနေရာမှ စဲချေပြီ။” ဆိုတဲ့ဝါကျမျိုးမှာ သုံးပါတယ်။ မိုးရွာခြင်းကိစ္စ အဆုံးသို့ရောက်သည်ဆိုတဲ့အနက်မျိုးထွက်ပါတယ်။ “ဆဲ” ကိုတော့ မြန်မာအဘိဓာန်မှာ - “ဆဲ ၁၊ ကြိ - ရုန့်ရင်းကြမ်းတမ်းသောစကားတို့ဖြင့် ထိပါးပုတ်ခတ်ပြောဆိုသည်။” “ဆဲ ၂၊ သမ် - မျက်မှောက်အခိုက်အတန့်တွင် ဖြစ်နေ၊ ပြုနေခြင်းကို ပြသော စကားလုံး။ ခိုက်။ စဉ်၊ တုန်း။” လို့ အနက် (၂)ခု ဖွင့်ထားပါတယ...

"အုန်း"၊ "အုံး" နှင့် "ဦး" တို့အကြောင်း

“အုန်း”၊ “အုံး” နဲ့ “ဦး” တို့အကြောင်း
————————————— 
 မြန်မာစာရေးသားရာမှာ အသံထွက်ကြောင့်မှားတတ်တဲ့အထဲ “အုန်း”၊ “အုံး” နဲ့ “ဦး” တို့ ပါဝင်ပါတယ်။ 
 ဥပမာ - 
 “စားကြပါအုန်း” လို့ ရေးရမှာလား၊ “စားကြပါအုံး” လို့ ရေးရမှာလား၊ “စားကြပါဦး” လို့ ရေးရမှာလား မကွဲပြားတတ်ပါဘူး။ 
 “မင်းဆီကို ငါ လာအုန်းမယ်” လို့ ရေးရမှာလား၊ “မင်းဆီကို ငါ လာအုံးမယ်” လို့ ရေးရမှာလား၊ “မင်းဆီကို ငါလာဦးမယ်” လို့ ရေးရမှာလား ရောထွေးနေတတ်ပါတယ်။ 
 
 “အုန်း” ကို မြန်မာအဘိဓာန်မှာ - 
 “အုန်း၊ န - ပင်ဖျားတွင် အလက်များစုဝေးထွက်၍ အရည်ပြည့်အသီးလုံးကြီးများ အခိုင်လိုက်သီးသော ပင်စောက်တစ်မျိုး။” 
 လို့ အနက်ဖွင့်ပါတယ်။ 
 နာမ်အနက်ဖြစ်ပါတယ်။ အသုံးမှားစရာအကြောင်းမရှိပါ။ 
 ဥပမာ - 
 “ယခုအချိန်၌ ပင်လယ်ကမ်းခြေတွင် ရေကူး၊ အုန်းရည်သောက်၊ အုန်းသီးစား၍ အေးအေးလူလူနေနိုင်သော ဘဝများရှိသကဲ့သို့ သဘာဝဘေးဒုက္ခကြောင့် မိုးထဲရေထဲတွင် ဆင်းဆင်းရဲရဲအသက်ရှင်နေရသော ဘဝများရှိသည်ကို ကျွနု်ပ်တို့ သတိပြုသင့်လှသည်။” 
 ဆိုတဲ့ဝါကျကိုကြည့်ပါ။ “အုန်းသီး”၊ “အုန်းရည်” ဆိုတဲ့စကားလုံးတွေမှာ “အုန်း” ကိုသုံးကြောင်း တွေ့နိုင်ပါတယ်။ 
 “အုံး” ကိ...

"ပစ်" နှင့် "ပြစ်" အကြောင်း

မှားတတ်တဲ့ “ပစ်” နဲ့ “ပြစ်” အကြောင်း ——————————————— မြန်မာစာရေးသားရာမှာ အသံထွက်ကြောင့် မှားတတ်တဲ့အထဲ “ပစ်” နဲ့ “ပြစ်” လည်း ပါဝင်ပါတယ်။ ဥပမာ -  “အမှိုက်တွေကို အမှိုက်ပုံးထဲ “ပစ်” ပါ။” လို့ ရေးရမှာလား၊ “အမှိုက်တွေကို အမှိုက်ပုံးထဲ “ပြစ်” ပါလို့ ရေးရမှာလား ရောထွေးနေတတ်ပါတယ်။ “မကောင်းမှုပြုသူများကို သူတော်ကောင်းတို့က အ“ပြစ်”တင် ကြ၏။” လို့ ရေးရမှာလား၊ “မကောင်းမှုပြုသူများကို သူတော်ကောင်းတို့က အ “ပစ်” တင် ကြ၏” လို့ ရေးရမှာလား မကွဲပြားတတ်ကြပါဘူး။ “ပစ်” ကို မြန်မာအဘိဓာန်မှာ - ပစ်/ပျစ်/ ကြိ - ၁၊ အခြားတစ်နေရာသို့ အရှိန်နှင့် ရောက်စေသည်။ ၂၊ စွန့်ခွာသည်။ စွန့်ပစ်သည်။ စည်း - မထောက်ညှာသည့်သဘောကို ပြသောစကားလုံး။ (သတ်ပစ်၊ ဖျက်ပစ် စသည်ဖြင့် သုံးသည်။) လို့ အနက် (၂) မျိုးဖွင့်ပါတယ်။ အနက် (၁) က ကြိယာအနက် ဖြစ်ပါတယ်။ အသုံးမှားနိုင်ပါတယ်။ ဥပမာ - “၁၉၈၈ ခုနှစ် အရေးအခင်းတွင် စစ်တပ်သည် ပြည်သူတို့ကို သေနတ်နှင့် “ပစ်” ခဲ့သည်။” “သစ်ရွက်ခြောက်စွန့် “ပစ်” ရန် ချောက်ကမ်းပါးရှိသည်၊ သားသမီးစွန့် “ပစ်” ရန် ချောက်ကမ်းပါး မရှိဟု ဆိုကြသည်။” ဆိုတဲ့ ဝါကျမျိုးတွေမှာ သုံးနိုင်ပါတယ်။ အနက် (၂) က ပစ...

"ဖက်" နှင့် "ဘက်" အကြောင်း

ဖက်” နဲ့ “ဘက်” အကြောင်း ——————————— မြန်မာစာရေးသားရာမှာ အသံထွက်ကြောင့် မှားသုံးတတ်တဲ့အထဲ “ဖက်” နဲ့ “ဘက်” လည်း ပါဝင်ပါတယ်။ ဥပမာ - “တောင်ဘက်၊ မြောက်ဘက်” လို့ ရေးရမှာလား၊ “တောင်ဖက်၊ မြောက်ဖက်” လို့ ရေးရမှာလား မကွဲပြားတတ်ပါဘူး။  “တွဲဖက်အထက်တန်းကျောင်း” လို့ ရေးရမှာလား၊ “တွဲဘက်အထက်တန်းကျောင်း” လို့ ရေးရမှာလား ရောထွေးနေတတ်ပါတယ်။ မောင်လှ ဟာ သူ့အမျိုးဖက်ချည်း ကြည့်နေတော့တာပဲ။” လို့ ရေးရမှာလား၊ “မောင်လှဟာ သူ့အမျိုးဘက်ချည်း ကြည့်နေတော့တာပဲ။” လို့ ရေးရ မှာလား ဝေဝါးနေတတ်ပါတယ်။ “ဖက်” ကို မြန်မာအဘိဓာန်မှာ - ဖက်၊ ကြိ - ၁၊ သိမ်းကျုံးပိုက်ယူသည်။ ၂၊ ယှဉ်တွဲသည်။ ၃၊ ညီညွတ်သည်။ လိုက်သည်။        ကြိဝိ - ယှဉ်လျက်၊ ပြိုင်လျက်။ န - ၁၊ ထုပ်ရာ၌ အသုံးဝင်သော အင်ရွက်၊ ငှက်ပျောရွက် စသည့် ပြားပြန့်သော သစ်ရွက်မျိုး။ ၂၊ ဆေးလိပ်လိပ်ရာတွင် အသုံးပြုသော သနပ်ဖက် စသည်။ စည်း - အစုံရှိသောအရာကို တခြားစီရေတွက်ရာ၌ သုံးသောစကားလုံး။ “ဖိနပ်တစ်ဖက်”။ လို့ အနက် (၄) မျိုး ဖွင့်ဆိုထားပါတယ်။ အနက် (၁) က ကြိယာအနက်ဖြစ်ပါတယ်။ ကြိယာအနက်ကို (၃) မျိုးဖွင့်ပြထားပါတယ်။ “သိမ်းကျုံးပိုက်ယူသည်” ဆိုတဲ့ကြိယ...