Posts

"အိတ်" နဲ့ "အိပ်" အကြောင်း

"အိတ်" နဲ့ "အိပ်" အကြောင်း ------------------- မြန်မာစာရေးသားရာမှာ အသံထွက်ကြောင့် မှားတတ်တဲ့အထဲ "အိတ်" နဲ့ "အိပ်" လည်း ပါပါတယ်။ ဥပမာ - "အဲဒီပဲအိပ်တွေကို ကျီထဲသွင်းထားလိုက်" လို့ သုံးရမှာလား၊ "အဲဒီပဲအိတ်တွေကို ကျီထဲသွင်းထားလိုက်" လို့ သုံးရမှာလား မကွဲပြားတတ်ပါဘူး။ "လက်နက်ကြီးတွေ စပစ်တာနဲ့ အိပ်လေးတစ်လုံးထဲကို ရှိသမျှပစ္စည်း လေးတွေ ထိုးသိပ်ထည့်ပြီး ပြေးခဲ့ရတော့တာပါပဲ" လို့ သုံးရမှာလား၊ "လက်နက်ကြီးတွေ စပစ်တာနဲ့ အိတ်လေး တစ်လုံးထဲကို ရှိသမျှပစ္စည်းလေးတွေ ထိုးသိပ်ထည့်ပြီး ပြေးခဲ့ရတော့တာပါပဲ" လို့ သုံးရမှာလား ရောထွေးနေ တတ်ပါတယ်။ "အိတ်" ကို မြန်မာအဘိဓာန်မှာ - အိတ်၊ န - သားရေ၊ ဖျင် စသည်ဖြင့် ချုပ်လုပ်ထားသည့် ထည့်စရာ။ လို့ အနက်ဖွင့်ပါတယ်။  နာမ်အနက် ဖြစ်ပါတယ်။ အသုံးမှားကြပါတယ်။ ဥပမာ -  "နိုင်ငံတော်သမ္မတကြီး လှူဒါန်းလိုက်သော ဆန်အိတ်တော်ကြီးများသည် ရှမ်းပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းသို့ ချောချောမွေ့မွေ့ ရှောရှောရှူရှူ အဆင်ပြေပြေ ရောက်ရှိလာသည့်အတွက် စစ်ဘေးရှောင်ပြည်သူ ...

"တက်" နှင့် "တတ်" အကြောင်း

“တက်” နှင့် “တတ်” အကြောင်း ——————————————— မြန်မာစာရေးသားရာမှာ အသံထွက်မတူပေမဲ့ အရေးမှားများတဲ့ စကားလုံး နှစ်လုံးက “တက်” နှင့် “တတ်” ဖြစ်ပါတယ်။ အထူးသဖြင့် ဖေ့စ်ဘုတ်ပေါ် ရေးတင်ကြတဲ့ မြန်မာစာအရေးအသားများမှာ “တက်” နှင့် “တတ်” ဟာ အမှားအများဆုံးလို့တောင် ဆိုနိုင်ပါတယ်။ “တက်” ကို မြန်မာအဘိဓာန်မှာ - တက် ၁၊ န - လက်ကိုင်အဖျား၌ ရေယက်စရာ အရွက်ပြားရှိသော လှေလှော်ခတ်ရသည့်ကိရိယာ။ တက် ၂၊ ကြိ - ၁၊ အနိမ့်မှ အမြင့်သို့၊ အောက်မှ အထက်သို့၊ ရပ်တည်ရာမှ ရှေ့သို့ ရွေ့သွားသည်။ ၂၊ တိုးပွားသည်။ ၃၊ အာဏာရယူသည်။ ၄၊ ရုံး၊ ကျောင်း၊ အစည်းအဝေး စသည်သို့ သွားရောက်သည်။ တက် ၃၊ ကြိ - ၁၊ ရောဂါကြောင့် ဖြစ်စေ၊ စိတ်ချောက်ချားခြင်းကြောင့် ဖြစ်စေ ကိုယ်လက်အင်္ဂါတို့ ရုတ်တရက်တွန့်လိမ်သည်။ ၂၊ ကိုယ်လက်အကြောအခြင် ညောင်းညာတောင့်တင်းသည်။ “ဇက်ကြောတက်သည်။” ဆိုပြီး အနက် (၃) မျိုး ပြထားပါတယ်။ အနက် (၁) က နာမ် အနက်ဖြစ်ပါတယ်။ လှေလှော်ရာမှာ သုံးရတဲ့ ကိရိယာတစ်မျိုးကို ဆိုလိုပါတယ်။ အသုံးမှားစရာ အကြောင်းမရှိပါဘူး။ ဥပမာ -  “ပန်းတိုင်မရောက်သေးဘဲ “တက်” ထောင်လို့ကတော့ မင်းတို့ အောင်မြင်မှာမဟုတ်ဘူး။”  “နို...

'နဲ' နှင့် 'နည်း' အကြောင်း

“နဲ” နှင့် “နည်း” အကြောင်း ——————————— မြန်မာစာရေးသားရာမှာ အသံထွက်ကြောင့် မှားတတ်တဲ့အထဲ ‘နဲ’ နဲ့ ‘နည်း’ လည်း ပါပါတယ်။ ဥပမာ - ‘နဲနဲလေးတော့လွဲနေမယ်၊ လွဲလွဲလေးလည်းကောင်းပါတယ်’ လို့ ရေးရမှာလား၊ ‘နည်းနည်းလေးတော့ လွဲနေမယ်၊ လွဲလွဲလေးလည်းကောင်းပါတယ်’ လို့ရေးရမှာလား ရောထွေးနေတတ်ပါတယ်။ ‘အစိုးရသစ်ကို အချိန်နည်းနည်းပေးလိုက်ြကပါကွာ’ လို့ ရေးရမှာလား၊ ‘အစိုးရသစ်ကို အချိန်နဲနဲပေးလိုက်ကြပါကွာ’ လို့ရေးရမှာလား မကွဲပြားတတ်ပါဘူး။ ‘နဲ’ ကို မြန်မာအဘိဓာန်မှာ - နဲ၊ န -  [ကဗျာ] နည်း။ နည်းနာ။ လို့ အနက်ဖွင့်ထားပါတယ်။ ကဗျာသုံးစကားလုံးဖြစ်ကြောင်း၊ အနက်မှာ ‘နည်း’ ‘နည်းနာ’ ဖြစ်ကြောင်း ဖွင့်ဆိုထားပါတယ်။ ကဗျာသုံးစကားလုံးဖြစ်တဲ့အတွက် စကားပြေအရေးအသားတွေမှာ တွေ့ရခဲပါတယ်။ မတွေ့နိုင်ဘူးလို့တောင် ဆိုနိုင်ပါတယ်။ ဥပမာ - ညောင်ရမ်းခေတ် (ခရစ်နှစ် ၁၇၀၀ ဝန်းကျင်) က အမျိုးသမီးစာဆို ’တောင်တွင်းရှင်ငြိမ်းမယ်’ ရေးစပ်တဲ့ ‘အိုင်ချင်း’ တစ်ပုဒ်မှာ - ‘ချစ်တဲ့သူငယ်လေ . . . . . သူငယ်ချင်းကောင်း ယောက်မတို့လေ . . . .။ ငါ့ကိုလွယ် အမယ်ကြီးနှင့် ဘကြီးဖျက်လို့ အိမ်လေးထောင့်မှာ ဆူးတွေချလျက် ဖျက်နဲငယ်မှ စေ့စုံ လှေကားခုံမှာ...

နာမ်ထောက်ပစ္စည်းများအကြောင်း

နာမ်ထောက်ပစ္စည်းများအကြောင်း ————————————— မြန်မာဘာသာစကားမှာ နာမ်၊ နာမ်စားတွေရဲ့ အနက်ကို ထူးခြားသွားအောင်၊ လေးနက်သွားအောင် လုပ်ပေးနိုင်တဲ့စကားလုံးလေးတွေရှိပါတယ်။ “နာမ်ထောက်ပစ္စည်း” လို့ခေါ်ပါတယ်။ ဥပမာ - (၁) မုန့်တွေကို မောင်လှ စားတယ်။ (၂) မုန့်တွေကို မောင်လှချည်း စားတယ်။ ဆိုတဲ့ဝါကျနှစ်ခုကို ကြည့်ပါ။ ဝါကျ (၁) မှာ မုန့်တွေကို မောင်လှ စားကြောင်း သာမန်မျှသာပေါ်လွင်ပြီး ဝါကျ (၂) မှာ မုန့်တွေကို စားတဲ့လူဟာ မောင်လှတစ်ယောက်တည်းသာဖြစ်ကြောင်း ပိုင်းခြားကန့်သတ်ပြီး ပေါ်လွင်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဝါကျ (၁) မှာ မုန့်စားသူဟာ မောင်လှဖြစ်ကြောင်း သာမန်ပဲဖော်ပြထားပြီး ဝါကျ (၂) မှာတော့ မုန့်စားသူဟာ မောင်လှတစ်ယောက်တည်းဖြစ်ကြောင်း ပိုင်းခြားကန့်သတ်ပြီး ဖော်ပြထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အဲဒီလိုပိုင်းခြားကန့်သတ်ကြောင်းကို ဝါကျ (၂) မှာပါတဲ့ “ချည်း” ဆိုတဲ့စကားလုံးလေးက ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ “ချည်း” ဆိုတဲ့စကားလုံးလေးဟာ “ပိုင်းခြားကန့်သတ်ပြ“ ခြင်းအားဖြင့် “မောင်လှ” ဆိုတဲ့နာမ်ရဲ့အနက်ကို ထူးခြားအောင် ဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် “ချည်း” ဟာ နာမ်၊ နာမ်စားတွေရဲ့အနက်ကို ထူးခြားလေးနက်အောင် ထောက်...

"တည်း" နှင့် "ထဲ" အကြောင်း

"တည်း" နှင့် "ထဲ" အကြောင်း -------------------- မြန်မာစာရေးသားရာမှာ အသံထွက်ကြောင့် မှားတတ်တဲ့အထဲ "တည်း" နဲ့ "ထဲ" လည်း ပါဝင်ပါတယ်။ ဥပမာ - "မိမိတစ်ယောက် 'ထဲ' အမှိုက်မကောက်ရုံမျှဖြင့် ဘာမျှဖြစ်မသွားဟူသော အယူအဆသည် ယနေ့အချိန်အခါ မျိုးတွင် မှားယွင်းသောအယူအဆသာဖြစ်သည်ဟု ဆိုချင်ပါသည်" လို့ ရေးရမှာလား၊ "မိမိတစ်ယောက် 'တည်း' အမှိုက်မကောက်ရုံမျှဖြင့် ဘာမျှဖြစ်မသွားဟူသော အယူအဆသည် ယနေ့အချိန်အခါမျိုးတွင် မှားယွင်းသော အယူအဆသာဖြစ်သည်ဟု ဆိုချင်ပါသည်" လို့ ရေးရမှာလား မကွဲပြားတတ်ပါဘူး။ "နှမ်းတစ်လုံး 'ထဲ' နဲ့ ဆီမဖြစ်ပါဘူးကွာ" လို့ ရေးရမှာလား။ "နှမ်းတစ်လုံး 'တည်း' နဲ့ ဆီမဖြစ်ပါဘူးကွာ" လို့ ရေးရမှာလား ရောထွေးနေတတ်ပါတယ်။ "တည်း" ကို မြန်မာအဘိဓာန်မှာ - တည်း ၁ /တဲ/ ကြိ - ၁၊ ရပ်နားနေထိုင်သည်။ ၂၊ ချည်နှောင်သည်။ ချုပ်ထိန်းသည်။ /တီး/ ၃၊ တိုက်ဆိုင်ညှိနှိုင်းသည်။ တည်းဖြတ်သည်။ တည်း ၂ စည်း - ၁၊ ပုဒ်တို့ကို လေးနက်အောင် ထောက်ပံ့သော စကားလုံး။ ၂၊ အရေအတွက် တို့ကို အတိအကျကန့်သတ်ခြင်းအနက်ဖြ...

မြန်မာဘာသာစကားတွင်ရှိသော သင်္ချာပစ္စည်းများအကြောင်း

မြန်မာဘာသာစကားတွင်ရှိသော သင်္ချာပစ္စည်းများအကြောင်း ————————————————————————— မြန်မာဘာသာစကားမှာရှိတဲ့ နာမ်၊ နာမ်စားတွေရဲ့အနက်ကို ထူးခြားလေးနက်အောင်ဆောင်ရွက်ပေးတဲ့ နာမ်ထောက်ပစ္စည်းတွေအကြောင်းကို ကျွန်တော်ရေးခဲ့ပါတယ်။ နာမ်ထောက်ပစ္စည်းတွေဟာ မြန်မာဘာသာစကားမှာရှိတဲ့ နာမ်ပစ္စည်း (၉) မျိုးအနက် တစ်မျိုးဖြစ်ပါတယ်။ မြန်မာဘာသာစကားမှာရှိတဲ့ နာမ်ပစ္စည်း (၉) မျိုးကတော့ - ၁။ မျိုးပြပစ္စည်း ၂။ လိင်ညွှန်းပစ္စည်း ၃။ ကိန်းညွှန်းပစ္စည်း ၄။ သင်္ချာပစ္စည်း ၅။ နာမ်ထောက်ပစ္စည်း ၆။ ဥပမာပစ္စည်း ၇။ ရူပကပစ္စည်း ၈။ အာလုပ်ပစ္စည်း ၉။ ဝိစၧာပစ္စည်း တို့ဖြစ်ပါတယ်။ အဲဒီအထဲက သင်္ချာပစ္စည်းများအကြောင်းကို ရေးချင်ပါတယ်။ မြန်မာဘာသာစကားမှာ အရေအတွက်ကိုဖော်ပြလိုတဲ့အခါ သင်္ချာကိန်းဂဏန်းတွေကို သုံးရပါတယ်။ အဲဒီ သင်္ချာကိန်းဂဏန်းတွေရဲ့အနက်ကို ထူးခြားလေးနက်သွားအောင် ဆောင်ရွက်ပေးနိုင်တဲ့ နာမ်ပစ္စည်းကို သင်္ချာပစ္စည်းလို့ ခေါ်ပါတယ်။ ဥပမာ - “အရာကျသမ္မတကြီး၏မိန့်ကြားချက်အရ အစိုးရဝန်ထမ်းသည် ငွေကျပ် ၃၀၀၀၀၀ လာဘ်စားနိုင်ကြောင်း တွေ့ရှိရပါသည်။” “အရာကျသမ္မတကြီး၏မိန့်ကြားချက်အရ အစိုးရဝန်ထမ်းသည် ငွေကျပ် ၃၀၀၀၀၀ တိတိ လာဘ...

"စဲ" နှင့် " ဆဲ" အကြောင်း

“စဲ” နှင့် “ဆဲ” အကြောင်း —————————— မြန်မာစာရေးသားရာမှာ အသံထွက်ကြောင့် မှားသုံးတတ်တဲ့အထဲ “စဲ” နှင့် “ဆဲ“ လည်း ပါဝင်ပါတယ်။ ဥပမာ - နိုင်ငံတော်သမ္မတဟာ ပြည်သူတွေအပေါ် လိမ်ညာ“ဆဲ” ပါပဲ” လို့ ရေးရမှာလား၊ “နိုင်ငံတော်သမ္မတဟာ ပြည်သူတွေအပေါ် လိမ်ညာ“စဲ” ပါပဲ” လို့ ရေးရမှာလား မကွဲပြားတတ်ပါဘူး။ “အာဏာပိုင်အဖွဲ့အစည်းတွေဟာ ပြည်သူတွေကို နှိပ်စက် “ဆဲ” ပဲ” လို့ ရေးရမှာလား၊ “အာဏာပိုင်အဖွဲ့အစည်းတွေဟာ ပြည်သူတွေကို နှိပ်စက် “စဲ” ပဲ” လို့ ရေးရမှာလား ရောထွေးနေတတ်ပါတယ်။ “စဲ” ကို မြန်မာအဘိဓာန်မှာ - “စဲ၊ ကြိ - ပြုခြင်း၊ ဖြစ်ခြင်း ကိစ္စတစ်ရပ်ရပ် အဆုံးသို့ရောက်သည်။” လို့ အနက်ဖွင့်ထားပါတယ်။ ကြိယာအနက်ဖြစ်ပါတယ်။ အသုံးမှားတတ်ပါတယ်။ “မိုးသည် ခုနစ်ရက်တိုင်တိုင်ရွာနေရာမှ စဲချေပြီ။” ဆိုတဲ့ဝါကျမျိုးမှာ သုံးပါတယ်။ မိုးရွာခြင်းကိစ္စ အဆုံးသို့ရောက်သည်ဆိုတဲ့အနက်မျိုးထွက်ပါတယ်။ “ဆဲ” ကိုတော့ မြန်မာအဘိဓာန်မှာ - “ဆဲ ၁၊ ကြိ - ရုန့်ရင်းကြမ်းတမ်းသောစကားတို့ဖြင့် ထိပါးပုတ်ခတ်ပြောဆိုသည်။” “ဆဲ ၂၊ သမ် - မျက်မှောက်အခိုက်အတန့်တွင် ဖြစ်နေ၊ ပြုနေခြင်းကို ပြသော စကားလုံး။ ခိုက်။ စဉ်၊ တုန်း။” လို့ အနက် (၂)ခု ဖွင့်ထားပါတယ...