ကြိယာထောက်ပစ္စည်းများအကြောင်း
ကြိယာထောက်ပစ္စည်းများအကြောင်း ---------------------- “သာ၊ သာလျှင်၊ ချည်း၊ တော့” စတဲ့ မြန်မာဘာသာစကားမှာရှိတဲ့ နာမ်ထောက်ပစ္စည်းများအကြောင်းကို ကျွန်တော်ရေးခဲ့ပါပြီ။ နာမ်ထောက်ပစ္စည်းများအကြောင်း သိပြီးလျှင် ကြိယာထောက်ပစ္စည်းများအကြောင်းကိုလည်း သိထားသင့်သည်ဟု ယူဆပါတယ်။ မြန်မာဘာသာစကားမှာ ကြိယာတွေရဲ့အနက်ကို ထူးခြားသွားအောင် ကူညီထောက်ပံ့ပေးတဲ့ စကားလုံးလေးတွေ ရှိပါတယ်။ အဲဒီစကားလုံးလေးတွေကို “ကြိယာထောက်ပစ္စည်း” လို့ ခေါ်ပါတယ်။ ကြိယာထောက်ပစ္စည်းစကားလုံးတွေ မြန်မာဘာသာစကားမှာ အများအပြားရှိပါတယ်။ အဲဒီထဲက တချို့ကတော့ “ချင်၊ တတ်၊ နိုင်၊ ဖူး၊ ဝံ့၊ ခဲ၊ ခဲ့၊ မိ၊ သင့်၊ ရှာ၊ လွန်း၊ လှ၊ ရက်၊ သေး” တို့ ဖြစ်ကြပါတယ်။ “ချင်” က ကြိယာတွေရဲ့အနက်ကို “ဆန္ဒရှိ” ကြောင်း ဖော်ပြပြီး ထူးခြားအောင် ကူညီထောက်ပံ့ပေးပါတယ်။ ဥပမာ - (၁) “သမ္မတဦးသိန်းစိန်လက်ထက်တွင် လွှတ်တော်အမတ်များသည် ငါးနှစ်တိုင်တိုင် တစ်လလျှင် လစာငွေ ဆယ်သိန်းကျပ် ရနေပါလျက် ဆင်းရဲမွဲတေနေသော ကျွန်ုပ်တို့နိုင်ငံဆီမှ နိုင်ငံရေးပင်စင်ဆိုသည်ကို အရှက်မဲ့စွာ ယူသည်။” (၂) “သမ္မတဦးသိန်းစိန်လက်ထက်တွင် လွှတ်တော်အမတ်များသည် ငါးနှစ်တိုင်တိုင် တစ်လလျှင် လ...