"ငြီး"၊ "ညီး" နဲ့ "ညည်း" တို့အကြောင်း
“ငြီး”၊ “ညီး” နဲ့ “ညည်း” တို့အကြောင်း ----------------------------------------------------- မြန်မာစာရေးသားရာမှာ အသံထွက်ကြောင့် မှားရေးတတ်တဲ့အထဲ “ငြီး”၊ “ညီး” နဲ့ “ညည်း” တို့လည်း ပါပါတယ်။ ဥပမာ - “ပူလောင်လွန်းလှသော မန္တလေးရာသီဥတုကို ကျွန်တော် ငြီးငွေ့နေပြီ” လို့ ရေးရမှာလား၊ “ပူလောင် လွန်းလှသော မန္တလေးရာသီဥတုကို ကျွန်တော် ညီးငွေ့နေပြီ” လို့ ရေးရမှာလား၊ “ပူလောင်လွန်းလှသော မန္တလေး ရာသီဥတုကို ကျွန်တော် ညည်းငွေ့နေပြီ” လို့ ရေးရမှာလား မကွဲပြားတတ်ပါဘူး။ “ပူပြင်းလှသော ရာသီဥတုဒဏ်ကြောင့် မောင်လှသည် ငြီးငြူနေလေသည်” လို့ ရေးရမှာလား၊ “ပူပြင်း လှသော ရာသီဥတုဒဏ်ကြောင့် မောင်လှသည် ညီးငြူနေသည်” လို့ ရေးရမှာလား၊ “ပူပြင်းလှသော ရာသီဥတုဒဏ် ကြောင့် မောင်လှသည် ညည်းညူနေသည်” လို့ ရေးရမှာလား ရောထွေးနေတတ်ပါတယ်။ “ငြီး” ကို မြန်မာအဘိဓာန်မှာ - “ငြီး၊ ကြိ - ငြီးငွေ့သည်။” လို့ အနက်ဖွင့်ထားပါတယ်။ “ငြီးငွေ့” ရဲ့အနက်ကိုတော့ “ငြီးငွေ့၊ ကြိ - နှစ်သက်ခြင်း လျော့နည်းသွားသည်။” လို့ အနက်ဖွင့်ထားပါတယ်။ ဒါကြောင့် “ နှစ်သက်မှု လျော့နည်းသွား” ကြောင်း၊ “မနှစ်သက်တော့ကြောင်း” ပြလိုတဲ့ အခါမှာ “ငြီး” ကို သုံးရမှာ ဖြစ...